Thursday, May 24, 2012

ဖုန်း Software တွေရနိုင်တယ့်ဆိုဒ်တွေပါ။

ဖုန်းတွေအကြောင်းပါပဲ။ အခု မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လက်ကိုင်ဖုန်း လေးတွေခေတ်စားလာပြီး ကိုယ့်ဖုန်းလေးနဲ့ အင်တာနက်တွေ မကြာခင် သုံးလို့ရတော့မယ်လို့ကျွန်တော်ကြားပါတယ်။ ဒီလိုလက်ကိုင်ဖုန်းလေးတွေ သုံးနိုင်လာတာနဲ့အမျှ လူ့အကြိုက်နတ်မလိုက်နိုင် ဆိုသလို တစ်ချို့လူတွေကျတော့ ကိုယ့်ဖုန်းလေးနဲ့ အင်တာနက်ကနေ ကိုယ့် Email တွေကိုဖတ်ချင်ကြတယ် အဲတစ်ချို့ကျတော့ Game လေးတွေဆော့ချင်ကြတယ် တစ်ချို့ကတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ဖုန်းလေးကိုသုံးပြီး သူငယ်ချင်းတွေနဲ့ Gtalk တို့ Yahoo messenger တို့ကနေ စကားပြောချင်ကြတယ် ဒါဟာ ဆက်သွယ်မှုတိုးတက်လာခြင်းနဲ့ ဆက်နွယ်ပြီး လူတိုင်းမှာရလာမယ့် ရောဂါပါ။ မယုံမရှိနဲ့နော် ကိုယ်တွေ့......... ပြီးတော့ ကိုယ်သုံးချင်တဲ့ Phone Software လေးတွေကို ဖုန်း Retail Shop တွေကနေ ဈေးကြီးပေးပြီး ပြန်ဝယ်ရဦးမယ်ဆိုတော့ ဟဲဟဲ သိပ်တော့မကိုက်ဘူးပေါ့လေ ဒါကြောင့် အဲဒီလိုကိုယ့်ဖုန်းလေးနဲ့ Game ဆော့ချင်သူ ပဲဖြစ်ဖြစ် Email ကြည့်ချင်သူပဲဖြစ်ဖြစ် Gtalk, Yahoo messenger သုံးချင်သူပဲဖြစ်ဖြစ် ဖုန်းဆိုင်တွေမသွားရပဲ အင်တာနက်ကဖေး ဒါမှမဟုတ် ကိုယ့်ကိုယ်ပိုင်ဖုန်းလေးကနေ ကိုယ့်ဖုန်းအတွက် လိုအပ်တယ့် Software တွေ Game တွေရှာလို့ရမယ့် ဖုန်း Software တွေ Game တွေ အလကား ပိုက်ပိုက်တပြားမှမကုန်ပဲ ရနိုင်မယ့် ဆိုဒ်လေးတွေကို စေတနာရှေ့ထားပြီးဖော်ပြလိုက်ပါတယ်။



www.mobango.com



www.zedge.com



www.ovi.com (Nokia Only)



အခုသုံးခုပဲပြောပြမယ်နော် သုံးခုထဲဆိုပေမယ့် အထင်မသေးနဲ့နော် ဆိုဒ်တစ်ခုချင်းစီမှာ ဖုန်းနဲ့ပက်သက်တယ့် Software and game တွေပဲ သောင်းဂဏန်းရှိတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကိုယ့်ဖုန်းလေးအတွက် ပိုက်ပိုက်တွေ ခဏခဏ ကုန်ရတယ့် ဘေးမှ ကင်းဝေးပါစေဗျာ။

No comments:

Post a Comment