Saturday, May 26, 2012

မြန်မာပြည်မှ gmail နဲ့ gtalkသုံးသူများ သိထားသင့်တဲ့အကြောင်း........


ဒီကိစ္စစိတ်ပူမယ်ဆိုလည်း ပူစရာနော်သာမာန်အသုံးပြုသူ တစ်ယောက်ကို ခိုးချင်ရင်

လွယ်လွယ်လေးရယ်..နည်းပညာပိုင်း အားနည်းတော့ ပုံမှန်ပဲ သုံးသွားတာကနေပြီး

အခုလိုပြဿနာတွေ ဖြစ်လာတာပဲ.....စိတ်ဝင်စားဖို့ တော့ကောင်းနေပြီ...ဆောင်ရန်

ရှောင်ရန် နည်းလေးတွေ ရေးဖို့ စိတ်ကူးရလာပြီ..ခုတော့ ဖတ်ကြည့်လိုက်ပါနော...။

အောက်ပါစာတို့ မှာ -http://teashoptalk.com မှ ထပ်ဆင့်ကူးယူတင်ပြပါသည်.....။
အင်တာနက်ဆိုင်များရှိ စက်ထိန်းချုပ်ကိုင်တွယ်သူ ဆိုင်တာဝန်ခံများသည် အခကြေးငွေဖြင့် ဆိုင်၌ လာရောက်အသုံးပြုသူ မိန်းကလေးများ၏ ဂျီမေးလ်အကောင့်ကို လိုချင်သူရှိလျှင် ငွေဖြင့်ရောင်းစားခြင်းများရှိလာကြောင်း သုံးစွဲသူအချို့က ပြောသည်။

"ကျွန်မအကောင့်ထဲကို နေ့တိုင်း ယောင်္ကျားလေး ၅ ယောက်လောက်ဝင်ဝင်လာတယ်။ ပိုသိသာတာက ကျွန်မအကောင့်က လူနည်းတယ်။ ဒါနဲ့ ကျွန်မလည်း ဝင်လာတဲ့အကောင့်တွေကို မေးလိုက်တော့ ရိုင်းစိုင်းတဲ့ စကားတွေပြောပြီး ကျွန်မအကောင့်ကို ကျွန်မသုံးနေတဲ့ ဆိုင်ကကောင်လေးက ရောင်းတာလို့ ပြောတယ်" ဟု အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။

အင်တာနက်သင်တန်းတက်နေသူ ကျောင်းသားတစ်ဦးက အင်တာနက်ဆိုင် အချို့သည် သုံးစွဲသူများ၏ အကောင့်နာမည်၊ password များကို ကြည့်ရှုနိုင်ရန် ဆော့ဖ်ဝဲများထည့်ထားကာ ရရှိသည့် ဂျီမေးလ်အကောင့်များကို ပြန်လည်ဖြန့်ဝေခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ငွေပေး၍ ဖွင့်ခိုင်းသော ဂျီမေးလ်အကောင့်များတွင် ဗိုင်းရပ်စ်များ ထိန်းချုပ်နိုင်သော လျှို့ဝှက်သင်္ကေတများ ရိုက်ထည့်ထာခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

မိမိ၏ ဂျီမေးလ်လုံခြုံမှုရှိမရှိနှင့် ငွေပေးဖွင့်သည့် အကောင့်အချို့ အပေါ်အိုင်တီပညာရှင်ဦးကျော်ကျော် က "အကောင့်တစ်ခုကို ငွေပေးပြီး ဖွင့်ခိုင်းလိုက်ပေမယ့် အကောင့်ဖွင့်ပေးတဲ့သူက ရိုးရိုးသားသားရှိရင်တော့ ကောင်းပါတယ်။ အီးမေးလ် အကောင့်ဖွင့်မယ်ဆိုရင် ထိန်းချုပ်လို့ရတာတွေ အများကြီးပဲ၊ တစ်ဆင့်ခံ ဖွင့်ပေးတဲ့အတွက် ကိုယ့်အကောင့်ကို အချိန်မရွေး ဝင်ကြည့်နိုင်အောင် လုပ်ထားမယ်ဆိုရင် မလုံခြုံနိုင်ဘူး" ဟု သုံးသပ်ပြသည်။

ယခင်က ပြည်တွင်းမှာပင် ဂျီမေးလ်အကောင့်ဖွင့်ရန် လွယ်ကူမှုရှိခဲ့သော်လည်း ယခုအခါ နိုင်ငံခြားဖုန်းနံပါတ်အား အကောင့်ဖွင့်ရန် ရိုက်သွင်းရသည့် အတွက်ကြောင့် အလျင်စလို အကောင့်ဖွင့်လိုသူများသည် အင်တာနက်ဆိုင်အချို့အား ငွေပေး၍ ဖွင့်ခိုင်းခြင်းများဖြစ်လာခဲ့သည်။

ထိုသို့ငွေပေး၍ ဖွင့်ခိုင်းခဲ့သည့် အကောင့်သည် အဆင်ပြေမှုမရှိခဲ့ကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးမင်းဇော်က "ဂျီတော့ခ်၊ အီးမေးလ်အကောင့်တစ်ခုကို အမြန်လိုချင်လျှင် ၈၀၀၀ တဲ့။ အဲဒါ ကျွန်တော်လည်း ခိုင်းလိုက်တယ်။ အကောင့်က မသုံးဘဲနဲ့ အမြဲပွင့်နေတယ်။ အဲဒီထဲမှာလည်း အရေးကြီးတဲ့လူတွေကို မထည့်ရဲတော့လို့ အကောင့်ပြောင်းလိုက်ရတယ်" ဟု သူ၏ အဖြစ်အပျက်ကို ပြောသည်။

ထပ်မံ၍ နိုင်ငံခြားဆက်သွယ်၍ အလုပ်လုပ်ကိုင်နေသူ တစ်ဦးကလည်း "အကောင့်ခိုးဖို့ဆို တော်တော်ခက်တယ်။ အခုနောက်ပိုင်း ဟက်ကာသင်တန်းတွေ ထိန်းချုပ်နိုင်တဲ့ ဆော့ဖ်ဝဲတွေ၊ ရောက်လာတော့ ဂျီမေးလ်တွေ၊ အင်တာနက်တွေက စိတ်ချရမှုမရှိတော့ဘူး။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်က ကျွန်တော့ဆီ A4 လေးခုစာလောက်ရှိတဲ့ မေးလ်တစ်ခုပို့လိုက်တယ်။ အဲဒီမှာ အကောင့်နာမည် password တွေ ရေးထားတာ အများကြီးပဲ။ ကျွန်တော်တောင် မယုံလို့ အဲဒီအကောင့် နာမည်တစ်ခုနဲ့ password ကို ဖွင့်ကြည့်လိုက်တော့ တကယ်ပွင့်သွားတယ်။ အဲဒါကြောင့် တစ်ဆင့်ခံငွေပေးပြီး ဖွင့်ခိုင်းတာမပြောနဲ့ ကိုယ်တိုင်ဖွင့်ထားတဲ့ အကောင့်တောင် ခိုးဖို့လွယ်သွားပြီ" ဟု ၎င်းကရှင်းပြသည်။
မောင်(စွယ်စုံကျမ်း)မှ ကူးယူတင်ပြသည်

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/forum/topics/gmail-gtalk#ixzz1w33eFXgt

No comments:

Post a Comment