Saturday, May 19, 2012

သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး


အာဟာရပြည့်ဝစွာ စားသောက်ခြင်းဟာ ကျန်းမာရေးကောင်းစေပြီး အားရှိစေ တယ်ဆိုတာ အားလုံးသိပြီး သားပါ။ အစားအစာအတွက် ကျန်းမာ ရေးအပြင် အလှအပကိုပါ အကျိုးပြု ကြောင်း လတ်တလော လေ့လာ ချက်တွေ အရတွေ့ရှိရပါတယ်။လေ့လာချက်တွေအရ တချို့အာဟာ ရတွေဟာ ကျွန်မတို့ ကို ပိုပြီးလှပကာ ဆွဲဆောင်မှုရှိစေသလို တချို့ဆိုရင် ရက်ပိုင်းအတွင်းမှာတင် အစွမ်းထက်တာကို တွေ့ရပါတယ်။ အောက်ပါ အ စားအစာ ရှစ်မျိုးကတော့ ကျွန်မတို့ရဲ့ အလှအပအတွက် အလျင်မြန် ဆုံးနဲ့ အထိရောက်ဆုံး အကျိုးအာနိ သင်ဖြစ်ပေါ်စေတဲ့ အစားအစာတွေ ပဲ ဖြစ်ပါ တယ်။
၁- အသားအရေကောင်းစေဖို့ ကန်စွန်းရွက်စားပါ ကျွန်မတို့မြန်မာ လူမျိုးတွေနေ့တိုင်းလိုလို စားနေတဲ့ ကန်စွန်းရွက်ဟာ အလှအပအတွက် များစွာ အထောက်အကူပြုပါတယ်။ အရေပြားရောင်ရမ်းမှု သက်သာစေ ပြီးချွေးပေါက်ကျဉ်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Anti-oxidants) နဲ့သွေး အားကောင်းစေနိုင်တဲ့ သံဓာတ်တို့ ပါရှိတာကြောင့် အသား အရေချောမွေ့ကာသွေးရောင် လွှမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းရွက်ဟာ သွေးထဲရှိ Antioxidant ပမာဏကို များစေပြီး DNA ပျက်စီးမှု ကို လည်း လျှော့ ချပေးတာကြောင့် သွေးသားသန့်စင်စေပါတယ်။
၂- မျက်ဝန်းကြည်လင်တောက်ပ စေဖို့ ဟင်းနုနယ်ရွက်စားပါ ဟင်းနုနယ်ရွက်မှာ လူတင် (Lutein) ဓာတ် များစွာပါဝင်ပါတယ်။ လူတင်ဓာတ် မျက်လုံးကျန်း မာရေးအတွက် ကောင်းစေသလို မျက်လုံးကို ပိုပြီးကြည် လင်ဝင်းပစေပါတယ်။ ဒါ့အပြင် မျက် ဝန်းအလှအတွက် ဟင်းနုနယ်ရွက်ကို တို့စရာ အဖြစ် နေ့စဉ်စား သင့်ပါတယ်။
၃-ပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ ပန်းသီးစားပါ တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးခြင်းက ကျန်းမာရေး အတွက်ကောင်းစေသလို သွားတွေ ကို လည်း ဖြူဖွေး တောက်ပစေနိုင်ပါတယ်။ ပန်းသီးဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်အနီ စတဲ့ သွားကို စွန်းထင်းဝါကြန့်စေတဲ့ အစားအ သောက်တွေ စားသောက် တဲ့အခါ ထင်ကျန်ရစ်တဲ့ အစွန်းတွေကို ဖျက်ပေးပါ တယ်။
၎-ဆံသားကောင်းစေဖို့ ပဲသီးစိမ်း စားပါပဲသီးစိမ်းမှာ ဆီလီကွန်ဓာတ် (Silicon) များစွာ ပါရှိပါတယ်။ လေ့လာချက်အရ ဆီလီကွန် အားဆေး သောက်သုံး သူတွေဟာ ကိုးလအကြာမှာ ဆံပင်သား သိသိသာသာ ပိုကောင်းလာ တဲ့အပြင် ဆံပင်အုံပါ ပိုထူလာတာကို တွေ့ရပါတယ်။ ပဲသီးစိမ်းကို ဟင်းချက် စားနိုင် သ လို ပဲသီးစိမ်းကို ပြုတ်ပြီး အဆာပြေအဖြစ်လည်း စားနိုင်ပါတယ်။
၅- ဝက်ခြံပျောက်ကင်းစေဖို့ ဖရုံစေ့စားပါ ဖရုံစေ့ဟာ ဇင့်ဓာတ်ကြွယ်ဝတာ ကြောင့် အစက်အပြောက်တွေ သက် သာလျော့နည်းစေပါတယ်။ ဝက်ခြံ အထွက် များသူတွေဟာ ဇင့်ဓာတ်ချို့တဲ့ ကြကြောင်းကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ ဖရုံစေ့ကို တစ်နေ့ကို ထမင်းစားဇွန်း တစ်ဇွန်း၊ နှစ်ဇွန်း စာလောက် စားပေးသင့်ပါတယ်။
၆-အသားအရေစိုပြည်စေဖို့ နှမ်းကြတ်စေ့ဆီ စားပါ နှမ်းကြတ်စေ့ (Falxseed) ဟာ ခြောက်သွေ့အက်ကွဲလွယ်တဲ့ အရေပြား အတွက် အကောင်းဆုံး အစာပါ ပဲ။ နှမ်း ကြတ်စေ့မှာ အရေပြားကို ရေဓာတ်ဖြည့် ပေးပြီး နူးညံ့ချောမွေ့စေတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါရှိပါတယ်။ နှမ်းကြတ်စေ့ဆီကို စူပါမား ကက် တချို့မှာ သုပ်နိုင်သလို နှမ်းကြတ်စေ့ကို ဒိန်ချဉ်ထဲ ထည့်စားတာ၊ ကွတ်ကီးမုန့်ထဲထည့် ဖုတ်တာကလည်း အရသာရှိပါတယ်။
၇- အရေပြား တင်းရင်းနုပျိုစေဖို့ ကီဝီသီး စားပါ အရွယ်တင်နုပျိုလိုသူတွေအနေနဲ့ ကီဝီသီး စားသင့်ပါတယ်။ ကီဝီသီးမှာ ဗီ တာမင်စီ များစွာကြွယ် ဝပြီး ကော် လာဂျင်ဓာတ်တွေ ထွက်ရှိမှုကို လှုံ့ဆော်ပေးတာ ကြောင့် အရွယ်တင်နုပျိုစေပါတယ်။ အရေပြားထဲ ကော်လာဂျင်ဓာတ်များများ ထွက် ရှိလေ အရေပြား ပိုပြီး တင်းရင်းကာ ကျုံ့နိုင် ဆန့်နိုင်အား ပိုကောင်းလေပါပဲ။ တင်းရင်းလာတဲ့ အသားအရေကြောင့် အသားအရေ လျော့ရဲတွဲကျတာတွေ၊ အရေးကြောင်းပေါ် တာတွေ ပျောက်ပြီး နုပျိုတဲ့အသွင်ကို ဖြစ်ပေါ်စေပါတယ်။ ၈-လက်သည်း မာကျောလှပစေဖို့ ကြက်ဥစားပါ ကျန်းမာလှပပြီး မာကျောတဲ့ လက်သည်း ပိုင်ဆိုင် ချင်တယ်ဆိုရင် ကြက်ဥ မကြာခဏ စားပေးသင့်ပါတယ်။ ကြက်ဥ မှာ ဘိုင်တင်ဓာတ် (Biotin) ကြွယ်ဝစွာ ရှိတာကြောင့် လက်သည်းတွေ ကို အား ဖြည့်ပေးပြီး ကျန်းမာသန်စွမ်းစေနိုင်တာပဲ ဖြစ်ပါတယ်။
Good Health

No comments:

Post a Comment