Sunday, May 20, 2012

အပျိုကြီး မမများ၏ အားငယ်ရသည့် အချက်များ

၁။ ရေချိုးပြီးရင် သနပ်ခါးသွေးပေးမယ့်သူမရှိခြင်း။
၂။ အိပ်မက်ဆိုးများဖြင့် ညတရေးနိုးလန့်နိုးသော်-နှစ်သိမ့်ရာမရှိခြင်း။
၃။ အတင်းပြောသမျှ ခေါငိးညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း။
၎။ ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုယ်ကိုး ဆွဲသွယ်ရခြင်း။
၅။ အိမ်ကစက်ပစ္စည်း လျပ်စစ်ပစ္စည်းများပျက်လျင် ဆိုင်သို့သာ ပို့ရ၍ ပိုက်ဆံကုန်ခြင်း။
၆။ နေရာတကာ မီတာဆောင်၊ ဖုန်းခွန်ဆောင် မိမိဘာသာ သွားလာရခြင်း။
၇။ ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်း ကိုနာခံမယ့်သူမရှိခြင်း။
 ၈။ အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား ၊ဘယ်တော့လဲ၊ ရီထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း။
၉။ အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း။
၁၀။ လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း။
၁၁။သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာ တင်းတင်းဖက်ထားရခြင်း။
၁၂။ညောင်းညာတိုင်း အနှိပ်သည်ကိုသာ အားကိုးရခြင်း။
၁၃။ လိုင်းကားတိုးစီးရာတွင် အကာအကွယ်မရရှိခြင်း။
၁၄။ ယောက်ျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံရခြင်း။
၁၅။နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း။
၁၆။ မိုးသည်းတန်စွာရွာပြီး မိုးခြိမ်းသည့်အခါတွင် တစ်ယောက်တည်းစောင်ခေါင်းမြီးခြုံ ကြောက်လန့်နေရခြင်း။
၁၇။အိမ်တွင်သူခိုးကပ်သောအခါမအော်ရဲခြင်း။
၁၈။ မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကို ခံစားရခြင်း။
၁၉။ဘုရားသည့်အခါ အားမလို အားမရ သူများကို ငေးနေကြည့်နေရခြင်း။
၂၀။သွားချင်ရာသွား-အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာ စောင့်မျှော်နေသူမရှိခြင်း။
၂၁။အိမ်မှုကိစ္စများကို မိမိတစ်ယောက်တည်းသာ သိမ်းကြုံးလုပ်ရခြင်း။
၂၂။မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း။
၂၃။ မိုးရွာသည့်အခါ ထီးဆောင်းပေးမယ့်သူ မရှိခြင်း။
၂၄။ မိမိလက်စွမ်းပြချက်ထားသမျှ  ကောင်းလိုက်တာဟု-ချီးမွမ်းအားပေးမယ့်သူမရှိခြင်း။
၂၅။ ပွဲလမ်းသဘင်၊ အလှူအတန်းများတွင် အသိစုံတွဲ များကြားတွင် တစ်ယောက်တည်း
ယောင်နန ထိုင်နေရင်း မိတ်ဆက်ပေးစရာမရှိခြင်း။
၂၆။ကားကိုမိမိကိုယ်တိုင်သာ  မောင်းနှင်သွားလာရခြင်း။
၂၇။မောင်ရေ........ကိုကိုရေ.....ဟု ချွဲနွဲ့ပြီး အလိုရှိရာပစ္စည်းများကို ပူဆာခွင့်မရခြင်း။
၂၈။ မိမိ ပြက္ခဒိန်တွင် အထိမ်းအမှတ်နေ့စွဲများမရှိခြင်း၊   အထိမ်းအမှတ်လက်ဆောင်များ မရခြင်း။
၂၉စိတ်ညစ်ြပီ်းငိုတိုင်း ချော့မည်သူ မရှိခြင်း။
၃၀။တခြားမှာ စိတ်ညစ်တိုင်း  ရန်လိုပေါက်ကွဲ ရန်သူမရှိခြင်း။

(

No comments:

Post a Comment