Sunday, May 20, 2012

ချစ်သူကဗျာ

ခွင့်မပန်ပဲ မသွားပါနဲ့ အချစ်ရယ်
တစ်ညလုံး မင်းကိုစောင့်ကြည့်ခဲ့ရလို့
အခုတော့....ငါ့မျက်လုံးတွေဟာ
အိပ်ချင်စိတ်နဲ့လေးလံခဲ့ပေါ့။
မှေးမှိတ်... အိပ်ပျော်သွားတဲ့ အခိုက်မှာ
မင်းကို လက်လွတ် ဆုံးရှုံးသွား မှာကို
စိုးကြောက်မိပါရဲံ.။
ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်
မင်းကို ထိတွေ့ဆုပ်ကို ထားမိဖို့
ငါ့လက်နဲ့ ထထိုင်စမ်းသပ်ခဲ့မိပေါ့။
"အဲဒါတွေဟာ အိမ်မက်တစ်ခုပဲလား"လို့
ကိုယ့်ဘာသာကိုယ်လည်း...ပြန်မေးခဲ့မိရဲ့။
မင်းရဲ့ခြေအစုံကို ငါ့နှလုံးသားနဲ့ရစ်ပတ်ပြီး
ရင်ထဲမှာ..ခိုင်မြဲစွာ
သိမ်းစည်းထားပါရစေ..ကွယ်
ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်

No comments:

Post a Comment