Saturday, May 19, 2012

~~~~~.စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိန်းကလေးပိုင်ရှင်များအတွက်.. & အရေးမပေးသင့်သောမိန်းမများ~~~~~

စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိန်းကလေးပိုင်ရှင်များအတွက်..  စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး….  သင်နောက်ကျတဲ့အခါ…သူမ စိတ်ကောက်တယ်…အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ….  သင် ဆေးလိပ်သောက်တဲ့အခါ…သင့်ကို စိတ်ဆိုးတယ်…အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ…  သင်အရက်သောက်တဲ့အခါ …စိတ်ဆိုးတယ်…အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ…ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ…သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ…  သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ… သူမ စိတ်ကောက်တယ်…အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ…မုန့်ကိုပဲ ဝေစားမယ်…သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ….  သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ…သူမ စိတ်ဆိုးမယ်…အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ… သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ….  မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်…သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို နားလည်ခွင့်ရရှိကြတယ်…  မိန်းကလေးတွေဟာ တိတ်ဆိတ်တဲ့သူလဲ ဖြစ်နေတတ်ပြန်တယ်… ဒီအခါ.. သူတို့သဘောထားကို နားလည်ဖို့ ခက်ခဲပြန်တယ်….  မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်…မျှော်လင့်ချက်တွေ ရယူချင်တဲ့သဘောက… သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ…  ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်….  တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်…သင် ကံကောင်းပြီလို့မှတ်ပါတော့….  သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့…အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ…. :)  တကယ်လို့…တစ်နေ့ကျရင်…သူမ သင့်အပေါ် စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ….  သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့… အခုမှ အေးဆေးနေရတော့မယ် လို့ထင်နိုင်ပါတယ်…  တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်…သင့်ကို ပူပန်စိုးရိမ်မှုနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက် ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်…  မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်တော့တဲ့အတွက်…မှားပြီးရင်း ထပ်မှားဖွယ်ရာ ဖြစ်လာနိုင်တယ်….အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်းလာပြီး…အိပ်မရတဲ့ ညတွေကို ဖြတ်သန်းရတော့မှာဖြစ်တယ်….  ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်…သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ.. ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး…သူ့မှာ အကြောင်းရင်းရှိပါတယ်…သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်….  ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့….  အရေးမပေးသင့်သောမိန်းမများ……..  ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ  အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ  ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ  အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ  စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ  ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ  နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ  ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ  ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ  မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ  သွားမှာစိန်မြှုတ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ  လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ  အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ  ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသောမိန်းမ  လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသောမိန်းမ  အပြောပက်စက် လက်ကသွက် တို့  ဆိတ် လိမ်ဆွဲဤ ပြောတက်သောမိန်းမ  အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သောမိန်းမ  အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက်ဝတ်တက်သောမိန်းမ  အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်းအမိအရကြွားတက်သောမိန်းမ  ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသောမိန်းမ  နိုင်ငံခြားပြန် အခွံသာကျန် အပျိုရည်ပျက်နေသောမိန်းမ  ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် မျက်စောင်းထိုးတက်သောမိန်းမ  ရင်ဖုံးအင်္ကျီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကာအမှန်တွေနဲ့ ပါ ပါသွားတဲ့မိန်းမ  အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသောမိန်းမ  ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိသောမိန်းမ  Rapperဆိုရင်အသေကြိုက် အဖေရိုက်လည်းရိုက်ပစေဆိုတဲ့ ဆက်စလူးစိန်မိန်းမ  အလုပ်ပြီးလျင် net ဆိုင်ဝင် လူတကာနဲ့ အရသာခံကြူတက်သောမိန်းမ  အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသောမိန်းမ  ကိုးရီးယားဆိုအထင်ကြီး ငရုပ်သီးစက်တာကိုတောင် အူပါး လို့ အော်တက်တဲ့မိန်းမ  ညအိပ်ရာဝင်ရေမချိုးချင် ညစ်ပတ်နံစော်နေသောမိန်းမ :P :P :P  http://wytumyanmar.com/profiles/blog/show?id=4553351%3ABlogPost%3A2..

No comments:

Post a Comment