Sunday, May 20, 2012

အလွမ်းစာ

ဆွေးဆွေးလျလျ
ဆိုဖြစ်နေတဲ့ သီချင်းတပုဒ်ဟာ အလွမ်းတဲ့လား
ကြယ်ရောင်မရှိတဲ့ညဟာ အထီးကျန်ခြင်းလား
မေးကြည့်မိတယ်
ဟိုအရင်လို နေသာထိုင်သာ မရှိဘူး
အတွေးထဲ
အမြဲရောက်နေတဲ့ မင်းအကြောင်း
မျက်ကွင်းလည်း ချောင်သွားတယ်
အနာအဖျားမရှိတဲ့လူက တစ်ယောက်တည်းနေရင်းမောတယ်
တွေးမိနေတဲ့ ဇာတ်လမ်းကလည်း
ဘယ်ဆီမှာ တစ်ခန်းရပ်ရမယ်မသိ
တဖျတ်ဖျတ်လွင့်နေတဲ့ သတိတရစိတ်ကို
အခန်းနံရံမှာချိတ်ရင်း
အထီးကျန်ခြင်းက တစ်စစီပဲ့ကြွေ
အာရုံမှားခြင်း ခဏခဏ
အသွေးအသားထဲမှာ ငတ်မွတ်ခြင်းတွေ ကတုန်ကယင်
ဖော်ပြရန်ခက်တဲ့ ခေါင်းစဉ်က
သူစိမ်းတွေရှေ့မှာ နာမည်အရင်းထုတ်ပြောရတိုင်း
အရာရာဟာ ခါတိုင်းထက် ပိုစိမ်းသွားတယ်။
.

No comments:

Post a Comment