Sunday, May 20, 2012

ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့

မမြင်ရသေးပေမဲ့လည်း ကြင်နာချင်တယ်
မကြားရသေးပေမဲ့လည်း နားဆင်ချင်တယ်
မတွေ့ရသေးပေမဲ့လည်း မြင်ချင်တယ်
ပြောပီးသားဆိုပေမဲ့လည်း ထပ်ကာထပ်ကာ ကြားချင်တယ်
မင်းလေးရဲ့ နှုတ်က ပြောတဲ့
“ကို့ ကိုချစ်တယ်” ဆိုတဲ့စကားလေးပေါ့
မင်းလေးကို မြတ်နိုးပါတယ်
တွယ်တာပါတယ်
ကြင်နာပါတယ် တမ်းတပါတယ်
ယုယပါတယ် ဆိုတဲ့စကားလုံးတွေကို
ကိုယ် မသုံးတတ်ပေမဲ့
သေချာတာတစ်ခုတော့ ကိုယ်ပြောနိုင်ပါတယ်
ဘာလဲဆိုတော့
“ ကိုယ် မင်းကို အရမ်းချစ်တယ်” ဆိုတဲ့စကားလေးပါပဲ
ကိုယ် ခုလိုခဏခဏပြောလို့ မင်းလေး ရိုးမသွားပါနဲ့နော်
ကိုယ် ကိုယ်လေ မင်းကို တကယ်ချစ်လို့ ချစ်တယ်ပြောတာ
မင်းလေး စိတ်မပျက်လိုက်ပါနဲ့နော်
ကိုယ် လေ မင်းလေးကို ၀န်ခံစရာတခုရှိတယ်
အဲဒါဘာလဲဆိုတော့ ကိုယ်ကြောက်တတ်တယ်
ဘာကို ကြောက်တာလဲဆိုတော့
မင်းလေးကိုယ့်ကို မုန်းသွားမှာကို
ကိုယ်အရမ်းကြောက်မိတယ် ချစ်သူ……….
အဲဒါကြောင့် မင်းလေးကိုယ့် ကို မုန်းမသွားပါနဲ့နော်

No comments:

Post a Comment