Sunday, May 20, 2012

လွမ်းနေမိသူ

နံနက်ခင်းမှာ
နွေးထွေးခြင်းနဲ့အတူ
ငါလေ
မင်းကိုလွမ်းနေတယ်။
သွေ့ခြောက်ပူပြင်းလှတဲ့
နွေနေ့ခင်းနဲ့အတူ
ငါလေ
မင်းကိုလွမ်းနေတယ်။
အနောက်ဂေါယာအတွင်း
ငုတ်လျှိုးစပြုနေတဲ့
ညနေခင်းလေးမှာ
နေမင်းကို
နုတ်ဆက်လက်ပြရင်း
မျက်ရည်တစ်စက်နဲ့အတူ
ငါလေ
မင်းကိုလွမ်းနေတယ်။
အမြဲသတိရ
တမ်းတနေ့စဉ်
ငါ့ရင်ခွင်မှာ
အမြဲမင်းကို
လွမ်းနေသူပေါ့...

No comments:

Post a Comment