Sunday, May 20, 2012

ဝေးနေချိန်

ဝေးနေချိန်မှာမြင်နိုင်မလား
မင်းရဲ့မျက်နှာရှာဖွေမိတယ်
စာရွက်ဖြူရယ်
ချစ်သူမျက်နှာဖြစ်လိုက်ပါတော့လား....
ဝေးနေချိန်မှာကြားနှိင်မလား
မင်းအသံကိုနားစွင့်မိတယ်
လေပြေလေးရယ်
ချစ်သူအသံခေါ်ဆောင်လာပါလား.....
ဝေးနေချိန်မှာသတိရတယ်
မင်းအကြောင်းသာစဉ်းစားနေခိုက်
မနက်နေ၀န်းထွက်လာခဲ့ပြီ
သြော်...တစ်ရက်ကုန်ဆုံးပြန်ပြီပေါ့.....
နှလုံးအိမ်ကိုခိုင်စွာတည်ဆောက်
ရစ်ပတ်သံယောဇဉ်ပတ်ချည်ပြီးလျှင်
မင်းနဲ့ရင်ဆိုင်အချစ်ပြိုင်ဖို့
ငါအဆင်သင့်ဖြစ်နေပါပြီ
ချစ်သူ.......

No comments:

Post a Comment