Sunday, May 20, 2012

သူငယ်ချင်းကောင်းဆိုတာ

သူငယ်ချင်းကောင်းဆိုတာ
သင့်ကို "သွား သေလိုက်"လို့ အမြဲပြောတတ်သူဖြစ်တယ်

သူငယ်ချင်...းကောင်းဆိုတာ
သင့်ကို "ဆရာဝန်နဲ့ ပြလိုက်ဦး" လို့ အမြဲပြောတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင့်ရဲ့အပြစ်တစ်ခုကို
တစ်နေကုန်ခန်း ရွတ်နေတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင့်ရှေ့မှာ နားထောင်ရခက်တဲ့ ညစ်တီးညစ်ပတ်စကားတွေကို ပြောတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင့်ကို စားသောက်ဆိုင်ခေါ်သွားပြီး
သင့်မှာပါသမျှမကျန်အောင် မှာစားတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
တချို့အချိန်မှာ ပြောမနာ ဆိုမနာတွေဆိုပေမယ့်
သင် အခက်အခဲကြုံချိန်၊ စိတ်ညစ်ချိန်
သင့်ကို နားချတတ်သူ၊ ကူညီတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သူ့နဂိုက စိုးရိမ်သောကများသူဖြစ်ဖြစ်၊ ဆိတ်ဆိတ်နေတတ်သူဖြစ်ဖြစ်
ပျော်ပျော်နေတတ်သူဖြစ်ဖြစ်...
အားလုံးနဲ့အတူနေချိန် အချင်းချင်း စနောက်ပြောင်လှောင်နေတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
အချိန်ဖြစ်ဖြစ်၊ အကွာအဝေးဖြစ်ဖြစ်
သင့်ဦးနှောက်၊ သင့်ရင်ဘတ်ထဲကနေ တိုက်စားမသွားနိုင်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင်စကားအမှားတစ်ခွန်းကို
ရယ်မောနောက်ပြောင်တတ်သလို
အချိန်အတော်ကြာ အရစ်ရှာနေတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
အမြဲမဆက်သွယ်လည်း
မေ့လျော့မသွားတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
အတူရှိနေချိန် စကားပြောမှားမှာ
တစ်ခုခုလုပ်မှားမှာကို သင်စိုးရိမ်စရာမလိုသူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင်နဲ့အတူ မျှဝေခံစား
သင်အပေါ် သစ္စာမဖောက်တတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သူနဲ့အတူနေချိန် သင်ဘာမှဟန်ဆောင်စရာမလိုသူဖြစ်တယ

သူငယ်ချင်းကောင်းဆိုတာ
ညနက်သန်းခေါင် သင်နဲ့အတူနေချိန်
အိပ်ရကောင်းလား မကောင်းလားလို့ တွေဝေတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သင့်အပေါ် တဗျစ်တောက်တောက်နေတတ်လို့
"နင်က ငါ့အမေနဲ့ တပုံစံတည်း"လို့ သင်ပြုံးရယ်ပြီး ပြောတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
သူ့စကားတစ်ခွန်းနဲ့
သင့်မှာ သတ္တိတွေ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ပြည့်သွားတတ်သူဖြစ်တယ်

သူငယ်ချင်းကောင်းဆိုတာ
အချင်းချင်း ဟာသလုပ်ဇာတ်တွေနဲ့ နောက်ပြောင်ပြီး
စနောက်တာ အကြံအောင်သွားရင်
အချင်းချင်း ဟားတိုက်ရယ်မောတတ်သူဖြစ်တယ်။

ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...

No comments:

Post a Comment