Saturday, May 19, 2012

အလွမ်းနိဂုံး

မတွေ့သာလည်း ရင်မှာအမြဲရှိနေတော့ မမြင်သာလည်း ကြင်နာစွဲလမ်းမိနေတယ်...။
ချစ်သူ... ငါအခုသိလိုက်ပြီ ဝေ့ဝဲစွာကျလာတဲ့ မျက်ရည်စက်တွေဟာ နင့်ကိုလွမ်းလို့ပါးးးးး။
ချိုသာတဲ့ စကားလုံးတွေသုံးပြီး ငါ့ကိုအရူးလုပ်ခဲ့တဲ့ နင့်ကိုမှ ငါက စွဲလမ်းမိနေတယ်...။
ဟန်ဆောင်မှုမပါတဲ့ စကားလုံးတွေနဲ့ နင့်ကို ရူးမူးစွာချစ်ခဲ့သူပါ...။
နာကျင်ကြေကွဲစရာတွေရှိလည်း ရင်ထဲမှာ မြိုသိပ်အားတင်းပြီး ချစ်ခဲ့တာပါ...
လူတွေအားလုံးက ငါ့ကို အရူးတစ်ယောက်လို့  ကဲ့ရဲ့ဝေဖန် ရှုတ်ချနေတာတောင်
နင့်ဖုန်းခေါ်သံလေး ကြားလိုက်ရတာနဲ့ အရာအားလုံးကို ငါ ခေါင်းမော့ ရင်ကော့ ရင်ဆိုင်ပြီးဖြစ်ခဲ့တာ...။
မခမ်းလေတဲ့ အလွမ်းတွေ အရမ်းထွေနေလို့ တကယ်တမ်းလိုချင်မိရဲ့ အနမ်းတွေ ချစ်သူရယ်...။
အခုတော့ ရက်စက်စွာထားခဲ့တဲ့ နင့်ကို မုန်းဖို့ မကြိုးစားပဲ ဆက်ချစ်နေမိတာ ငါတကယ်ကို ရူးသွပ်လွန်းတဲ့သူပါးးးးးး။
ထားခဲ့ပြီဆိုတာသိလျှက်နဲ့ မသိစိတ်က မျှော်နေမိသေးတယ်....။
အချစ်ဆိုတာ ခွင့်လွှတ်အနစ်နာခံခြင်း ဖြစ်ရိုးမှန်ခဲ့ရင်  နင့်ကြောင့် ကျခဲ့တဲ့ ငါ့မျက်ရည်တွေအတွက်
ငါ နောင်တ မရတော့ပါဘူး......
ငါ တကယ်ရူးသွပ်ခဲ့လို့ပါးးးးးးးးးးးးးးး။

No comments:

Post a Comment