Thursday, November 15, 2012

သူငယ်ချင်းတွေမျက်နှာတွေကိုအပျော်သဘော နဲ့ ဒီဆော့လ်ဝဲလ်လေးနဲ့ နောက်ကျမယ်။

Face Off Max 3.1.3.8




Face Off Max 3.1.3.8 | 6.08 MB


မိမိသူငယ်ချင်းတွေမျက်နှာတွေကိုအပျော်သဘော
နဲ့ ဒီဆော့လ်ဝဲလ်လေးနဲ့ နောက်ကျမယ်။
အဆင်ပြေကြပါစေဗျာ။



အောက်မှာနှိပ်ပြီးရယူပါ


ဓာတ်ပုံတွေကိုစိတ်ကြိုက်ပြင်လို့ရတဲ့ဆော့လ်ဝဲလေးပါ

FotoMix 6.1.1



FotoMixV6.1.1>>>> 5.1 MB

ကဲဒီဆောလ်ဝဲလ်လေးကိုသုံးပြီးဓာတ်ပုံတွေကိုစိတ်တိုင်းကျ။
ပြင်ကြည့်မယ်ဗျာ။ဆိုဒ်ကလည်းသေးပါတယ်။
အဆင်ပြေကြပါစေ။




အောက်မှာနှိပ်ပြီးရယူပါ



program ဆိုတာဘာလဲ

ကိုမောင်စေတနာရေးသားတဲ့program ဆိုတာဘာလဲစာအုပ်ပါ
ဖတ်ပြီးအဆင်ပြေကြပါစေ




gtalk ကိုဒီအတိုင်းသုံးမဲ့အစားလွယ်လွယ်ကူကူသုံးမယ်

ကျွှန်တော်တို့ အမ်စီအိုကကိုကျော်ဇင်ရေးသားတဲ့ပို့ စ်လေးပါလာလည်သူ။မိတ်ဆွေတွေ
ဗဟုသုတရအောင်ပြန်လည်ဖော်ပြလိုက်ပါတယ်။


၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။

၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။

၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။

၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။

၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။

၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။

၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။

၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။

၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။

၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။

၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။

၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။

၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။




အဆင်ပြေကြပါစေဗျာ...

ကွန်ပျူတာအစုတ်တစ်လုံးနှင့်စိတ်မညစ်စေဖို့ ရာ



အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီးစတိုင်ထုတ်လို့ ကောင်းတဲ့
NOTE BOOK လို့ ခေါ်တဲ့လပ်တော့ပ်ကွန်ပျူတာလေးတွေဟာ။ဈေးနှုန်းတွေလည်းအတော်ချိုသာ
လာတာတွေ့ ရပါတယ်။သွားလေရာမှာယူဆောင်ရလွယ်ပြီးအလုပ်လည်းအတော်ဖြစ်ကြတော့
လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။
အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး
ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း။တပတ်ရစ်လပ်တော့ပ်ဈေးကွက်က
ကျယ်ပြန့် လာပါတယ်။တစ်ချို့ ကလည်း အသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး
ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။
တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။
တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ
ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။
တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....

ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ
တွေရှိလားဆိုတာ။

CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့
လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။

လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ
နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။


လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ်
ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။


USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ
USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။

Optical Drive လို့ ခေါ်တဲ့ CD,DVD ,ကိုအခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။
သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။

ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့ 
သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း
ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။

လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ
ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ
ပုံဖော်ပြီးစစ်ဆေးပါ။

ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။

တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


အဆင်ပြေကြပါစေဗျာ။

အင်တာနက်အဆင့်မြင့်အသုံးပြုနည်း(မြန်မာလိုစာအုပ်)




ကိုမျိုးသူရရေးသားတဲ့အဆင့်မြင့်အင်တာနက်အသုံးပြုနည်းစာအုပ်ပါ။



9.21 MB

ကွန်ပျူတာအခြေခံပြုပြင်နည်းစာအုပ်(မြန်မာလို)





ကိုစံငြိမ်းရေးသားတဲ့ကွန်ပျူတာပြုပြင်နည်းစာအုပ်ပါ။
အဆင်ပြေကြပါစေ။



NET WORK စာအုပ် (မြန်မာလို)







တောင်းဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်။အရင်လင့်ခ်ကပျက်သွားလို့ ပါ။

ကျွှန်တော့်ဘ၀မှာ NET WORKING ပိုင်းကိုစတင်လေ့လာတုန်းကအNET WORK ပိုင်းဆိုင်ရာ
ဗဟုသုတတွေကော။အတတ်ပညာတွေပါရရှိစေခဲ့တဲ့။သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
ဆိုတဲ့မြန်မာလိုရေးသားထားတဲ့။ NET WORK စာအုပ်လေးပါ။
အဆင်ပြေကြပါစေဗျာ။


Size.... 550Kb

Networking စာအုပ်

ကျွှန်တော့်ကိုမိတ်ဆွေတစ်ဦးလာပူဇာနေလို့ ရှိတဲ့ဟာလေးတင်ပေးလိုက်ပါတယ်Networking
စာအုပ်လေးပါဖတ်ပြီးအဆင်ပြေကြပါစေနောက်လည်းရှိတာတင်ပေးပါ့မယ်






Basic HTML မြန်မာလိုစာအုပ်

Basic HTML မြန်မာလိုစာအုပ်


Basic HTML မြန်မာလိုစာအုပ် 1.06 MB










SATURNGOG ရေးသားထားတဲ့ HTML အကြောင်းမြန်မာလိုစာအုပ်ပါ။
စီဘောက်မှာလာအော်နေလို့ ရှာပြီးတင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ။




autocad 2005 မြန်မာလိုစာအုပ်



24.23 MB
ဆရာဦးအောင်မြင့်ရေးသားထားတဲ့ autocad 2005 အသုံးပြုနည်းမြန်မာလို
ဘာသာပြန်စာအုပ်ပါ။

Tuesday, November 13, 2012

Labels Addons (4) Analytics (1) Browser (9) Chrome (4) Cool website (13) firefox (8) Free key (6) Gmail (6) Gmail lite (1) Google (12) Gtalk (5) Hack (3) Iphone (4) kaspersky (3) myanmar (1) odds and ends (17) Proxy (6) Rapidshare (2) Recovery (1) software (14) speed up (6) Virus (3) Zawgyi-One (5) Can You Run It?

ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။

Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...

Labels Addons (4) Analytics (1) Browser (9) Chrome (4) Cool website (13) firefox (8) Free key (6) Gmail (6) Gmail lite (1) Google (12) Gtalk (5) Hack (3) Iphone (4) kaspersky (3) myanmar (1) odds and ends (17) Proxy (6) Rapidshare (2) Recovery (1) software (14) speed up (6) Virus (3) Zawgyi-One (5) FREE 1 Year iolo Search and Recover 5 License

မကြာခဏ ကြားတတ်တဲ့ မှားဖျက်ခြင်း ကိစ္စ အတွက် search & recover 5 သုံးပြီး ပြန်ဖေါ်နိုင်ဖို့ပါ။ နာမည်ကြီး system mechanic က ထုတ်ကုန်တစ်ခုပါ။ ပေးနေတာတော့ ကြာပါပြီ။ ချက်ချင်းမတင်ပေးနိုင်လိုက်ဘူး။ ခု စမ်းကြည့်တော့ အသက်ရှိနေသေးလို့ ရှယ်လိုက်တာပါ။

ဒီလင့်ကနေ ရယူရပါမယ်။ Continue /secure checkout အဆင့်များ ဖြတ်သန်းပြီး register page ဆီ အရောက်သွားပါမယ်။ Prize $0.00 ဖြစ်နေစဉ်ကာလဟာ ဖရီး ကာလပေါ့;)

Register page မှာ ပြည့်စုံအောင်ဖြည့်ပြီးရင် continue နဲ့ Thank You! Your Order #21010000000 is complete ရောက်သွားအောင် နှိပ်သွားလိုက်ပါ။ မိမိ မေးလ်မှာ ကီး ရောက်လာပါမယ်။

ဆော့ဖ်ဝဲလ် ရယူလိုရင် အောက်ကလင့်တွေက ရယူနိုင်ပါတယ်။

http://www.vnunet.com/vnunet/downloads/2225774/iolo-search-recover

http://download.iolo.net/sr/5/trial/SearchAndRecover.exe

ဒီဆော့ဖ်ဝဲလ်ဟာ ပုံ မေးလ် ဗီဒီယို အမ်ပီ3 တွေအပြင် ဖိုင်တော်တော်များများ ပြန်ပြီး recovery လုပ်ပေးပါတယ်။ Overwrite မလုပ်ရသေးရင် ဖျက်ထားတာ မကြာသေးရင်ပေါ့းP

license key activate လုပ်ပုံတော့ ချန်ခဲ့ လိုက်ပြီ။

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ အဓိက ထိခိုက်စေတာက ဦးနှောက်ြ…

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash4/387647_361037063987928_853033758_n.jpg
ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင့် ဖြစ်ပါတယ်။
ယင်း radiation ကြောင့်ပဲ ဖုန်းကို သတိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း
ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။
၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။
အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။
တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။
ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။
လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။
Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။
သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။
၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost
Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။
ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။
လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။
၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။
Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။
GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။Droid 2 လို့လည်း လူသိများပါတယ်။
user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။
Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့
ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။
အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

ကွန်ပျူတာမှ ပြသနာများ ဖြေရှင်းနည်း ( E-Book )

ကျွန်တော် အခုတင်ပေးလိုက်မဲံ စာအုပ်လေးကတော့ ကွန်ပျူတာ သမား တော်တော် များများ ဆောင်ထား သင့်တယ်လို့ ထင်ပါတယ် ... အ သုံးလည်း ၀င်ပါတယ် .. ကျွန်တော်တို့ ကွန်ပျူတာတွေမှာ ဖြစ်တက်တဲ့ Error တော်တော် များများကို Bios /  Cmos ကနေစတင်ပြီး လေ့လာလို့ ရမှာ ဖြစ်သလို Error များ ဖြစ်လာပြီ ဆိုရင်လည်း ဘယ်လို ပြုပြင်မှု ပေးရမယ် ဆိုတာကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူများအတွက်တော့ ကျွန်တော် နှစနေရာခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ...

Download  From  Minus
 

Tuesday, October 23, 2012

ချစ်သူကို အချစ်စမ်းမယ်

သူငယ်ချင်းတို့ရေ ကိုယ့်ချစ်သူကိုယ့်ကိုဘယ်လောက်ချစ်လဲဆိုတာစမ်းသပ်ကြည့်ရအောင်

(your name မှာ သူငယ်ချင်းအမည်ရိုက်
his or her မှာ ကိုယ့်ချစ်သူအမည်ရိုက်)

ပြီးရင် test ကို click လိုက်ရင် selector က ဘယ်လောက်ချစ်လဲလို့ပြပါလိမ့်မယ်နော်

selector က အဆုံးထိပြရင်ကိုယ့်ကိုအများကြီးချစ်လို့ပေါ့။ ဒါဆိုရင်ပျော်စရာကြီးပေါ့နော်။

(မှတ်ချက်။ ။ selector က နည်းနည်းလေးပဲပြလို့ ချစ်သူက ကိုယ့်ကိုမချစ်ဘူးဆိုပြီး ရန်တော့မဖြစ်ရဘူးနော်။
ဒါကအပျော်စမ်းသပ်တာပါ။) ကဲစမ်းကြည့်ရအောင်

ဒီနေရာလေးမှာ စမ်းသပ်ကြည့်ရအောင်နော်
(သူငယ်ချင်းထက်ထက်မှပေးပို့ထားတာပါ)

သင့်ချစ်သူကိုရည်းစားစာလှလှလေးတွေပေးရအောင်

သူငယ်ချင်းတို့ရဲ့ချစ်သူ ကောင်မလေးတို့ဆီကို ရည်းစားစာလှလှလေးပေးတဲ့အခါ စာရွက်လှလှလေးနဲ့ရေးကြတယ်နော် အပြင်မှာပဲစာရွက်လှလေးတွေနဲ့ရေးတာငြီးငွေ့မှာစိုးလို့ သိမ်းထားတဲ့ စာရွက်အလှလေးတွေကိုတင်ပေးထားတယ်နော်...........

 

Friday, August 17, 2012

ချစ်သူများနေ့

ချစ်သူများနေ.

St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

သမိုင်းကြောင်း

ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။

Tuesday, July 24, 2012

Monitor {အနည်းဆုံး} နှစ်လုံးနဲ့SYSTEM UNIT တစ်လုံးကိုချိတ်ဆက် အသုံးပြုမယ်

Monitor {အနည်းဆုံး} နှစ်လုံးနဲ့SYSTEM UNIT တစ်လုံးကိုချိတ်ဆက် အသုံးပြုမယ်



သင်ဟာ အချိန်တစ်ချိန်ထဲမှာ မတူညီတဲ့ အလုပ်တွေကို လုပ်နေပြီး Program များကိုလည်း အများအပြားဖွင့် ထားတဲ့အခါ Monitor တစ်လုံးထဲကနေ အလုပ်လုပ်ဖို့ဆိုလျှင် အဆင်မပြေနိုင် ပါဘူး။ ဒီအတွက် Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်းဖြင့် Multiple Displays အဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး သင်လုပ်ကိုင်နေသော အလုပ်များကို အလွယ်တကူ ထိန်း ချုပ်နိုင် မှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် အမျိုးအစားတူညီတဲ့ Monitor နှစ်လုံးနဲ့ Display Adapter လိုအပ်မှာဖြစ် ပါတယ်။

၁။ Monitor နှစ်လုံးတပ်ဆင်တော့မယ်ဆိုရင် ပထမဦးစွာ သင့်ရဲ့ ကွန်ပျူတာကို Shutdown ချထားပါ။

၂။ ထို့နောက် Monitor နှစ်လုံးကို Display Adapter နဲ့ချိတ်ဆက်ထားလိုက်ပါ။

၃။ သင့်ကွန်ပျူတာရဲ့ စနစ်ကို စတင်ဖွင့်ပြီး Display Setting ချိန်ညှိပေးပါ။

၎။ Desktop ပေါ်တွင် Right Click နှိပ်ပြီး "Window XP" ဆိုလျှင် Properties ကို ရွေးချယ်ပြီး WindowVista ဆိုလျှင် "Personalize" ရွေးချယ်ပေးပါ။ Display Properties Box ကျလာပါလိမ့် မယ်။ Display Setting

ကို ရွေးချယ်ပေးလိုက်ပါ။

၅။ ဒုတိယတပ်ထားသည့် Monitor ကို ရွေးချယ်လိုက်ပါ။

၆။ အားလုံးပြီးသွားပြီဆိုလျှင် Apply Button ကို Click နှိပ်ပြီး OK ကို Click နှိပ်လိုက်ပါ။ Monitor နှစ်လုံးကို

System Unit တစ်လုံးထဲတွင် တပ်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

Display Adapter နဲ့SYSTEM UNITပေါ်မူတည်ပြီး မိမိတို့စိတ်ကြိုက် Monitorများတပ်ဆင်နိုင်ပါ သည်..........

***ရင်ထဲက....ချစ်သူအတွတ်...ဆန္ဒလေးများ..***


ချစ်သူ ကိုယ်တို့နှစ်ဦးရဲ့အိမ်ပြန်ချိန်.. ခဏတာ တွေ့ခွင့်လေး..ကို အမြဲတမ်း မှတ်တမ်းတင်ရေးဖွဲ့မိတယ်..
ဖြစ်နိုင်မယ်ဆိုရင်ပေါ့... ကိုယ်တို့ နှစ်ယောက်သား... လက်တွေခိုင်ခိုင် မြဲလို့...ဘ၀တစ်ခုကို..တည်ဆောက် လိုက်ချင်ပါရဲ့...
ကိုကမင်းအတွတ် ... အားအင်အပြည့်နဲ့... မင်းဘ၀ထဲကို ၀င်လာခဲ့မယ်လို့ကိုလေ တခါတလေ တွေးတောမိတယ်....
ချစ်သူရယ်...မင်းနဲ့တွေ့ခွင့်မရတဲ့ နေ့တွေဆို...
စိတ်ကူးယဉ်အတွေး...
အဝေးသို့..လွင့်စင်ခဲ့တယ်...
နောက်တော့ ကိုယ့်ကို ကိုမေးကြည့်တယ်.....
ငါအချစ်ရူး ..ရူးနေမိတာလား...လို့...
အင်းပေါ့မချစ်ဖူးလို့..ရူးမိတာ ... စပ်မှန်း သိသိနဲ့စားရတဲ့ ငရုပ် သီးလိုပဲလေ...
ဘယ်လောက်ပဲ...စပ်စပ် ဒီအစပ်ကို ပဲ စားနေမိတယ်...

အော်ချစ်သူရယ်...
ဆုတောင်း တိုင်းသာ ပြည့်မယ်ဆိုရင်လေ...
ကိုယ့်ရဲ့ မနက်ခင်းအာရုံ ဦးမှာ.....
မျက်တောင် ဖွင့်တိုင်း......
ကိုယ့်ချစ်သူရဲ့မျက်နှာလေး....
ကိုငေးကြည့်ချင်မိတယ်
အဲ့လို ဆုတောင်းမိမှာအေသေ ခြာပဲ ချစ်သူရယ်...
ညအိပ် ချိန်တိုင်းမှာ...ချစ်သူနဲ့စကားလေး ပြောရအောင် ဖုန်းလေးကတဆင့်တာဝန်ပေးပြီးတော့...
ချစ်သူရှိတဲ့ အရပ် ကို လေလှိုင်းလေးကနေ ... ဆက်သွယ်မိတယ်...ချစ်သူရဲ့တီတီတာတာ စကားသံလေးတွေက...
ကိုယ့်ရင်ကို ..မမြင်နိုင်တဲ့ .. ကြိုးလေး တစ်မျှင်နဲ့..ရစ်ပတ်နေတယ်... ဘာကြိုးလေးလဲ...သံမဏိ ကြိုးလား..ရိုးပါတယ်ဒီကြိုးက..
သံမဏိကြိုးဆို .. မီးတွေအပူ ပေတာများရင် အရည်ပျော် ကျသွားနိုင်တယ်....... ချစ်သူ နဲ့ကိုယ့်ကြားကကြိုးက.....
ဘယ်အရာနဲ့ဖြတ် ဖြတ် မပြတ်စွာနဲ့ခိုင်မြဲနေမယ့်.... အချစ်ဆိုတဲ့ ... ကိုတို့နှစ်ဦးကြားက အရာကို သံယောဇဉ်ဆို တဲ့ကြိုးလေးနဲ့ချည် နှောင်း ထားလိုက်ကျတာ အတော်လေးတောင် မြဲနေပါပေါ့လား...ချစ်သူရယ်...။

``ငယ်လေး ကိုယ်နဲ့ မခွဲဘူး..ကိုယ့်ကို ပဲချစ်တယ်....´´
ဘယ်လောက်ပဲထပ်ခါထပ်ခါ ကြားရကြား မရိုးသွားတဲ့ဒီစကား ကြားရတိုင်းအားအင် တွေအပြည့်နဲ့... ``ကိုယ်ယုံကြည်တယ်..´´
``ကိုယ် လည်း ညီမ ကိုယုံတယ်..ကိုယ်တို့တွေ..ဘ၀တစ်ခုကို တည်ဆောက်ရအောင်..´´
မင်းအတွတ်ဆို ကောင်းကင်..........
ကို တံတား ထိုးလို့.......
ကိုယ်တို့နှစ်ဦးရဲ့ချစ်အိမ်လေးကို...
ကိုတည်ဆောက်ပေးမယ်....
မင်းသာကိုယ့် လက်ကို ခိုင်ခိုင် တွဲထားလိုက်.....
တကယ်ပါ အပိုမပါတဲ့စကားလုံးတွေနဲ့ ..ရင်ထဲက ထွက်လာတဲ့ချစ်စကားတွေပါ...
ချစ်စကားလှလှ သုံးလို့....
အယုံသွင်းတာမဟုတ်ကပါဘူး.....
ပုံနှင်းကာ အပ်လိုက်တာ..........
ကိုယ့်ရဲ့ဘ၀ကိုပါ........
မင်းသားယုံကြည်မယ်ဆိုရင်...ကိုတို့ ဘ၀တစ်ခု တည်ဆောက်လိုက် ရအောင်ချစ်သူရယ်....

Saturday, July 14, 2012

မိမိ Laptop ကနေ Wifi ပြန်လွှတ်ကြမယ်...


အခုကျနော်ပေးမယ့် Software လေးကတော့
မိမိ တို့Laptop ကနေ Wifi ပြန်လွှတ်ပေးတဲ့ Software လေးပါ ..။
တော်တော်လေး အသုံးဝင်ပါတယ် .. ဖုန်း နဲ့ တခြား ကွန်ပြူတာများကို
Internet ရှိတဲ့ Laptop မှနေပြီး Wifi ပြန်လွှတ်ပေးတဲ့ Software လေးပါ ..။
==================
အသုံးပြုပုံ
==================
ဆော့ဝဲလေးကို ပထမဦးစွာ Download ချလိုက်ပါ ..
ပြီးနောက် Zip ဖိုင်လေးကို ဖြည်လိုက်ပါ .. ပြီးရင်တော့ Speed connection exe လေး ကို
Run ပြီး Install လုပ်လိုက်ပါ ..။
ပြီးရင်တော့ Wifi icon လေးပေါ်လာပါပြီ။
Icon လေးကို Double Click ပေးပြီး ဖွင့်လိုက်တာနဲ့ ဘေးမှာ box လေး တခုပေါ်လာမှာဖြစ်ပါတယ်..။
အပေါ်ဆုံးအကွက်ကတော့ မိမိတို့  ကြိုက်တဲ့ နာမည် ရွေးပြီး ပေးလို့ ရပါတယ်..။
ဒုတိယ အကွက်ကတော့ သူများတွေ ခိုးသုံးလို့ မရအောင် ပြန်လွှတ်ပေးတဲ့ Wifi ကို Password
ချတာပဲဖြစ်ပါတယ် ..။
တတိယအကွက်ကတော့ Internet ပါ မိမိတို့ Laptop ရဲ့ Wifi ခလုပ်ကို လည်း ဖွင့်ထားဖို့ လိုတယ်နော် ..။
အဲ့ဒိမှာ Internet Sharing လုပ်မယ့် wireless network ကိုရွေးပါ ..(လိုင်းရှိနေတဲ့ Wifi ပေါ့နော်) ။
Advance မှာတော့ Wifi ကို ဒီတိုင်းလေး ထားပေးလိုက်ပါ ..။
security mode ကတော့ ဘယ်လို security မျိုးနဲ့ အသုံးပြုမလည်းပေါ့နော်.. ။
(မှတ်ချက် ။  ။ WPA2-PSK ဆိုရင်တော့ Hack လို့ မရဘူးပေါ့နော် .. :P)
ပြီးရင်တော့ အားလုံးပြီးသွားပါပြီဗျာ ..
အောက်က လေးထောင့် Button ကိုနှိပ်ပြီး အသုံးပြုနိုင်ပါပြီ .. အားလုံးအစဉ်ပြေကြပါစေ။
( Crack ဖိုင်လေးလည်းပါတယ်နော် Full Version လေးပါ ။)
( Only For Laptop )
===================
Crack လုပ်နည်းကတော့
===================
Install လုပ်ပြီး ဆော့ဝဲကိုအားလုံးပိတ်လိုက်ပါ ..။
Test Bar မှာလည်း ဝင်နေတတ်ပါတယ် အဲ့ဒိကပါပိတ်လိုက်ပါ .. ။
ပြီးနောက် Desktop ပေါ်ရှိ File အတွင်းမှ Crack.exe လေးကို Copy ယူလိုက်ပါ..။
အားလုံးပြီးသွားရင်တော့ Program C ကိုဝင်ပါ ။
C ထဲက Connectify ဖိုင်ထဲကို ကူးယူလာတဲ့ ဖိုင်လေးကို Paste လုပ်လိုက်ပါ ။
ပြီးရင် exe ပေါ်Right Click ပေး၍ Run as admin.. နှင့် Run ပေးလိုက်ပါ ...။
ဒါဆိုရင်တော့ Full Version လေးကို အသုံးပြုလို့ရပါပြီ ..။
အားလုံးပဲ အစဉ်ပြေကြပါစေဗျာ ..။

-----------------------------------------
Download ယူရန်
ခင်မင်မှူများစွာဖြင့်
( FireFox )

you tubeက ကိုနှစ်သက်တဲ့ သီချင်းတွေကို mp3 လုပ်ကြမယ်။

http://www.youtube-mp3.org/
ပြီးရင် အောက်မှာပုံနဲ့ပြထားတဲ့အတိုင်းလုပ်လိုက်ပါ
you tube ကိုလုပ်ချင်တဲ့သိချင်းလင့်ယူလိုက်ပါ ပြီးရင် http://www.youtube-mp3.org/
ခုလင့်ကိုဝင်ပြီး ပုံထဲကအတိုင်းလုပ်လိုက်ကျရအောင်
အားလုံးပဲ အဆင်ပြေကျမယ်လို့မျှော်လင့်ပါတယ် မသိသေးတဲ့လူတွေအတွက်ပါ

မူရင်း ... http://www.mmitpalace.com/forum/topic/show?id=6456788%3ATopic%3A103...

ဂျီတော့ အကောင့်ကို သေခန်းပျက် block မယ်

ဂျီတော့မှ အဆင်မပြေတာတွေ ရှိကြတဲ့ သူငယ်ချင်းတွေအတွက်.... ကို့ဘက်က block ထားပေမဲ့လည်း တဖတ်လူက block မလုပ်ဘူးဆိုရင် သံယောဇဉ် မဖျတ်နိုင်လို့ ပြန်အပ်မိတဲ့ အခါ အကောင့်က ရှိနေဦးမှာမို့............
““““““သေချာ စဉ်းစားပြီးရင် ဒီလိုလေးလုပ်လိုက်ပါ”””””””””””
Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်ပါ။

လျှို့ဝှက် ကင်မရာကာကွယ်ရေး

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express


Saturday, June 30, 2012

Keyboar နဲ့ Mouse သုံးစရာမလိုတော့ဘူးဆိုတယ့် Gmail Motion...

images-copy-1.jpg
          ကဲကဲ ဘော်ဒါတို့ရေ အင်တာနက်အွန်လိုင်းပေါ်က ကမ္ဘာအကောင်းဆုံး Search Engine အဖြစ် ထင်ရှားလှတယ့် Google ကနေ Gmail Motion လို့ခေါ်တယ့် ဝန်ဆောင်မှုတစ်ခု ကိုစတင် စမ်းသပ် အသုံးချခွင့်ပြုလိုက်ပါပြီ။ သူက ကိုယ့် Email ရေးတာတို့ ဖွင့်တာတို့ Reply လုပ်တာတို့ကို ကွန်ပျူတာ Keyboard နဲ့ Mouse ကိုတစ်ချက်လေးမှ မကိုင်ပဲ အမူအရာနဲ့ ကိုယ့်ကွန်ပျူတာမှာရှိတယ့် Web Cam ကနေတဆင့် စေခိုင်းလို့ရနိုင်အောင် ဆောင်ရွက်ထားပေးတာဖြစ်ပါတယ်။ ကဲ အသစ်အဆန်းဆိုရင် လေ့လာကြည့်ချင်တယ့် သူများ သွားကြည့်လိုက်ကြပါဥိး လိပ်စာကတော့. http://www.google.com/mail/help/motion.html ဒီမှာပါ။ စာရေးတာက အစ ကိုယ်က အမူအရာလုပ်ပြလိုက်ယုံနဲ့ သူ့အလိုအလျှောက်ရေးသွားမယ့် စနစ်ဖြစ်တယ်လို့ဆိုပါတယ်။ ဘယ်လိုအမူအရာတွေနဲ့ စေခိုင်းရမယ်ဆိုတာ Video နဲ့ တကွရှင်းပြထားပါတယ်။ ပြောရင်းနဲ့တောင် လေတော်တော်ရှည်သွားပြီ အားလုံးပဲ သွားကြည့်လိုက်ကြပါ။
     ပြုံးနိုင်ကြပါစေ။

ဖိုရမ်များ

http://www.filehippo.com/ သင့်ကွန်ပျူတာအတွက် စုံလင်တဲ့ Free Software ဆိုဒ်ပါ
http://api.ning.com/files/iwBtgDi6JL514kqx63rc61HQ6drUjzuF7v38fGN9S...*BCmO6AlghoDD0O4*xAroSG19/Mailhack.html သူများ Gmail ကို Hack ကြရအောင်ဗျာ...သိအောင်ပဲ ပြောပြတာပါ၊ လုပ်တော့ မလုပ်ကြပါနဲ့။ဖော်ပြပါ လိပ်စာကို အားလုံး Copy ကူးယူပြီး ဖွင့်ကြည့်လိုက်ပါ၊
မိမိ Hack လိုသော Gmail account ကို ရိုက်ပြီး ခဏစောင့်ပါ...
http://aungmyokhaing.ning.com/profiles/blog/list မြှားနတ်မောင်မြို့တော်
http://www.mediafire.com/?nywimgmmgiz ယောကျာ်းလေးများအတွက် အသုံးဝင်ပါလိမ့်မယ်..
http://th.yhs.search.yahoo.com/avg/search?type=yahoo_avg_hs2-tb-webdns_th&fr=yhs-avg&p=Free+Anti+Virus+Download ပိုးသတ်တဲ့
ဆော့ဖ်ဝဲလ်တွေ ဖီးလ်ဒေါင်းလို့ရတဲ့နေရာလေးပါ
http://monminthar.ning.com/profile/16d7d7pln9vv5 မိကျေဝ်လဲာ
http://shareme.com mp 3 ဆော့ဖ်တွေဒေါင်းမယ်
http://yeminn.ning.com/profile/1pt151b3ps62e မောင်ရင်မောင် မင်္ဂလာပါ Fix Online Computer Services မှ ကြိုဆိုပါတယ်
http://hostmonster.com/ thandana8:
file:///C:/Documents%20and%20Settings/lee%20gyi/Desktop/kozaw357%20%E1%81%8F%20%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%80%E1%80%B0%E1%80%B8%E1%80%A1%E1%80%AD%E1%80%95%E1%80%B9%E1%80%99%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.htm kozaw357 ၏ စိတ်ကူးအိပ်မက်များ
https://mail.google.com/mail/?ui=2&shva=1#inbox/12723274a831b5d6 တမာမြေ ဆိုဒ်
http://lwinkohtet.ning.com/profile/0ubsgx2tq9ozf Lwin Ko Htet ဆိုဒ်
http://icenantaw.ning.com/profiles/blog/list ရေခဲနန်းတော်ဆိုဒ်
http://copcopcopp.ning.com/profile/0ubsgx2tq9ozf သိဘူး ဆိုဒ်
http://futuredream.ning.com/profile/1pt151b3ps62e FutureDream
http://jockeryock.ning.com/profiles/blog/list ဂျိုကာရုပ် ဆိုဒ်
http://ahinthuahintherhmyarr1.ning.com/profiles/blog/list အင်းလေးဆိုဒ်
www.myanmaritsky.ning.comကိုလည်းလာလည်ဖို့ဖိတ်ပါတယ်။ မြန်မာတို့ရဲ့နည်းပညာမိုးကောင်းကင်
http://futuredream.ning.com/profiles/blog/list အနာဂတ် ဆိုဒ်
http://zayartun1992.ning.com/photo ဇေယျာထွန်းဆိုဒ်
http://crazybag.ning.com/profiles/blog/list အရူးလွယ်အိပ် ဆိုဒ်
http://www.myanmarreader.co.cc/search/label/ ထူးဆန်းအံဖွယ် ဆိုဒ်
http://goldenmyanmarparadise.ning.com/profiles/blog/list ရွှေမြန်မာဥယျာဉ် ဆိုဒ်
http://kanaung.com… Continue ကနောင် ဝဘ်ဒီဇိုင်း
http://friendsmyanmar.ning.com/profiles/blog/list မြန်မာသူငယ်ချင်းများ ဆိုဒ်
http://eainlwanthu.ning.com/main/authorization/signIn?target အိမ်လွမ်းသူ
http://octobe.ning.com/profiles/blog/list လ၀န်းဖြူ ဆိုဒ်
http://ucst-moonlight.ning.com/profiles/blog/list မြန်မာလူငယ်များ ကွန်ပျူတာနှင့်ပတ်သက်သော နည်းပညာနှင့် ဗဟုသုတများ
http://yadanabononlinestudents.ning.com/profiles/blog/list ရတနာပုံ ဆိုက်
http://linsanle.blogspot.com နည်းပညာမှတ်တမ်း အရင်ဆုံး စုဆည်းထားတဲ့နေရာလေးပေါ့
http://translate.google.com ဒီလင့်မှာ ရီဂျစ်စတာ သွားလုပ်ရင် BitDefender AntiVirus 2009 တစ်နှစ်လိုင်စင် ရပါတယ်။ Create user နှိပ်လိုက်တာနဲ့ အီးမေးလ် စစ်စရာ မလို ချက်ချင်းကို ပေးတာ။ ဒီလောက်ပေါတာ ဟိုမှာ သွားဝယ်ဖို့ လိုသေးလို့လား :P
http://www.fileden.com မြန်မာ ဘလော့ဂါများ ebook လေ့လာမှု့နည်းပညာစာအုပ်များရှိပါသည်
http://myanmarblognewpost.blogspot.com မြန်မာ ဘလော့များအစုံဆုံးနေရာလေးနော်
http://www.mgsaytanar.blogspot.com မောင်စေတနာ ဖိုရမ်
http://komyatblog.blogspot.com/search/label ကွန်ပြူတာ နည်းပညာတို့ဆုံဆည်းရာဖိုရမ်
http://www.nyinaymin.com/search/label/Applications ညီနေမင်း
www.nyinaymin.com ညီနေမင်း ဆော့ ဖ် ၀ဲတွေ ....ဘာတွေ အစုံ ပါတယ်မြန်မာလိုတော်တော်များများရေးထားတယ်
http://www.mgkyawswarnyein.net/ မောင်ကျော်စွာငြိမ်း ဖိုရမ် နည်းပညာမြန်မာလိုရေးသားထားပါ၍လေ့လာ၍အလွန်ကောင်းပါသည်
http://forverfriends.ning.com/profiles/blog/list ထာဝရ ဆိုဒ်
http://www.komyatmm7.co.cc/ ကိုမြတ် ဖိုရမ် နည်းပညာ မြန်မာလိုရေးသားထားပါ၍လေ့လာ၍အလွန်ကောင်းပါသည်
http://mwdonline.ning.com/profiles/blog/create မြ၀တီအွန်လိုင်းသူငယ်ချင်းများအဖွဲ့ ဖိုရမ်
http://messengerforbuddhist.blogspot.com/ ဗုဒ္ဓဘာသာကို ဆော်ကားနေသောဆိုကဖိုရမ်
http://www.myanmar.mmtimes.com/2010/upper/454/upper01.html မြန်မာတိုင်း(မ်) ၀ဒ်ဆိုဒဖိုရမ်
http://chocolatemyotaw.ning.com/ မြို့တော်ဝဒ်ဆိုက်
httpmprcommunity.ning.comprofilesblognew Myanmar Punk Rock Community ၀ဒ်ဆိုဒ်ဖိုရမ်
http://myanmarmultiplyszone.ning.com မြန်မာ မာတီရပ်ဝန်းဖိုရမ်
httptaryarpwagye.ning.com ရွှေကျွန်းသား သို့ လာရောက်လည်ပတ်သူအပေါင်း ကျမ်းမာ ချမ်းသာ ကြပါစေဖိုရမ်
http://yayoutnantaw.ning.com/profiles/blog/list ရေအောက်နန်းတော် ဆိုဒ်
http://toiletwall.ning.com/forum/categories/2387570:Category:6586/listForCategory အိမ်သာ ဆိုဒ်
http://onlinedoctor.ning.com/ အွန်လိုင်းဒေါက်တာဖိုရမ်
http://moenutmal.ning.com/?xg_source=msg_invite_net ကြိုဆိုပါတယ်ရင်ခွင်နန်းတော်ဖိုရမ်
http://laughing-kookaburra.ning.com/ ရယ်မောခြင်းငှက်ငယ်ဖိုရမ်..
http://loverland.ning.com/profiles/blog/new အချစ်တိုင်းပြည်ဖိုရမ်
www.myanmarfamily.org မြန်မာမိသားစုဖိုရမ်
http://www.myanmarengineer.org/ မြန်မာအင်ဂျင်နီယာဖိုရမ်
http://alinyaung.org/ အလင်းရောင်ဖိုရမ်
http://thakhingyi72.ning.com/main/invitation/new?xg_source=msg_wel_networkချောင်းဆုံလူငယ်ဖိုရမ်
http://thanlonnge.info/ သံလုံငယ် ဖိုရမ်
http://myominlatt.ning.com/ ဧဒင်ဥယာဉ် ဖိုရမ်
http://nattabin.ning.com/profiles/profile/emailSettings?xg_source=msg_mes_network>သရဲ တစ္ဆေ ဘုံ ဖိုရမ်
httpkozaw357.multiply.com ကိုဇော် ဖိုရမ် ကွန်ပြူတာအကြောင်းလေ့လာရန်တော်တော်စုံပါတယ်
http://future-wave.blogspot.com/ Future Wave Blog - အနာဂတ်လှိုင်း-ရခိုင့်စာပီရပ်ဝန်း
http://aungmyokhaing.ning.com/profiles/blog/list ဘိုင်အိုရဲ့နေရာလေး ဖိုရမ်
http://moelwin.ning.com မိုးသောက်ကြယ် ဖိုရမ်
http://www.thanzinhlaing.com သံစဉ်လှိုင်းဖိုရမ်
http://www.padonma.com/forums/index.php ပဒုမ္မာ(အွန်လိုင်းဂျလေဘီများ)
http://www.katzforums.com/index.php အင်္ဂလိပ်လိုရေးသောဖိုရမ်
http://www.myanmarcupid.net/community/index.php မြန်မာမြားနတ်မောင် ကွန်မြူနတီဖိုရမ်
http://amk919.multiply.com/journal/item/26 အေအမ်ကေ ဖိုရမ်
http://www.myanmarmodels.page.tl/Moe-Hay-Ko.htm မြန်မာ မင်းသ္မီးတွေ ပုံလိုချင်ရင်
http://www.baydathukhuma.com ကွန်ပျူတာဗေဒသုခုမ
http://burmese.dvb.no ဒီဗွီဘီ
http://www.thelist.com/countrycode.html#top ကန်းထရီးကုတ်လေးတွေဗျ.
http://www.myanmarnationalleague.com/ မြန်မာနေရှင်နယ် လိဂ် ဗျို့ တီဗီ ပရိုဂ၇မ်ဘဲပါ တယ် သောက်ရမ်းမိုက်တယ် အဟုတ်.
http://www.mmproverb.com/ မြန်မာစကားပုံဆိုက်လေးဗျ စုံတယ်လို့ပြောရမယ်
http://www.google.com/insights/search ကမ္ဘာ ပေါ်ကလုတွေ ဂူးဂဲကြီးမာ ဘာရှာသလဲကြည့် ရအောင်
http://genfavicon.com/ http://www.html-kit.com ပုံလေးတွေ ကိုအိုင်ကွန်လုပ်လို့ရတယ်ဗျ
http://cooltext.com လိုဂိုခေါင်းစဉ်လေးတွေ
http://www.needasig.com/ http://services.nexodyne.com အီးမေး လိုဂိုလေးတွေလုပ်မယ်
http://www.polldaddy.com ကိုယ်ပိုင် poll လေးတွေလုပ်ကြရအောင်
http://www.labpixies.com http://www.mixpod.com http://www.blpgspot.com/ ကိုယ့်ရဲ့ ဆိုက်မာတင်မဲ့ tool လေးတွေပေါ့
http://www.aqua.org/australia/animalencounters_archerfish.html အကောင် ပလောင်လေးတွေ.
www.undergroundsystems.org www.blackhat-forums.com www.phpbbhacks.com ဟက်တဲ့ဆိုက်ပါတဲ့ဝါသနာ ပါရင်ကြည့်ကြပေါ့
http://www.glasbergen.com/ ကွန်ပျူတာ ကာ တွန်းလေးတွေ့
http://winkkk.com http://www.glitter-graphics.com http://www.fodey.com http://www.glitterfy.com
http://www.imagechef.com http://www.mynicespace.com/kisses-46642.html http://www.heathersanimations.com/
လှုပ်ရှားနေတဲ့ပုံလေးတွေယူကြမယ်
http://www.multimediapalace.com လှုပ်ရှားနေတဲ့အလံလေးတွေက ဒီမာဗျ...
http://3dflags.com/world/burmese/national_flag/classic_waving_clip_art.html#
http://beautifulsoul4all.multiply.com/photos/album/17/17 မြန်မာအလံလေးတွေဗျ
http://eainlwanthu.ning.com အိမ်လွမ်းသူ ဖိုရမ်
http://kopeter.blogspot.com) ကိုပီတာရဲ့ အတွေးပုံရိပ်များ
http://www.crazyvilla.net) ငပေါများဂေဟာ
http://mysterysnow.blogspot.com) နင်းနဲ့ မာယာ
http://myanmarsar.zaung.net) မြန်မာစာ မြန်မာစကား
http://www.everyoneit.com) စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း
http://photayokeking.org) စည်းလုံးခြင်းရဲ့  အင်အား
http://soethuhein.iblogger.org/ မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
http://www.mathetzin.com/ မသက်ဇင် ဘလော့ဂ်
http://blog.nyilynnseck.com/ ညီလင်းဆက် ဘလော့ဂ်
http://www.niknayman-niknayman.blogspot.com/ နစ်နေမန်း ဘလော့ဂ်
http://tomorrowplan.blogspot.com/ ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
http://www.mindin.info/ မင်းဒင် ဘလော့ဂ်
http://kaungkinko.myanmarbloggers.org/ ကောင်းကင်ကို ဘလော့ဂ်
http://nyiminsan.com/blog/?p=897 သင်္ကြန်ပုံလေးတွေ

ebookစာအုပ်များ

http://www.4shared.com/file/182560833/e45e891d/Guide_to_Applying_Digital_Vide.html
http://www.4shared.com/file/151248534/7a7ecb96/Myo_Thura_-_A.html
ကွန်ပြူတာ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အခြေခံ သဘောတရားများ
: http://ifile.it/15qtrkd
ကွန်ပြူတာအဆင်တိုးမြင်ခြင်းပြုပြင်ခြင်းနည်းပညာ
http://ifile.it/apw3ylk
၏စာအုပ်ဖတ်ပြီးကွန်ပြူတာပြင်ပါ
Download Microsoft Computer Dictionary 5th Edition
Download Everyday Internet Ebook
အင်တာနက်စတင်သုံးစွဲမည်လူငယ်များDeep Freeze အသုံးပြုနည်း
http://www.mediafire.com/file/hykjwnyjirf/Deep

AutoCAD အသုံးပြုနည်း
http://www.mediafire.com/file/jeymmtzndej/Autocad.pdf

ဆရာဇော်လင်း၏ Hardware စာအုပ်
http://myfreefilehosting.com/f/904ee139a6_289.06MB

Microsoft Excel အသုံးပြုနည်း
http://mihd.net/b6suqd

Photoshop CS2
http://mihd.net/4zqmnl

Networking မိတ်ဆတ်
http://ifile.it/k7ruzb8
Broadcasting သို့မဟုတ် ကွန်ပျူတာတစ်လုံးကနေ လွှင့်တဲ့ သီချင်းတွေ၊ ဗီဒီယိုတွေကို တခြားစက်တွေကနေ နားထောင်လို့ရအောင် ကြည့်လို့ရအောင် လုပ်နည်း

http://ifile.it/ltf6a4o
http://ifile.it/qz296r4
Broadcasting သို့မဟုတ် ကွန်ပျူတာတစ်လုံးကနေ လွှင့်တဲ့ သီချင်းတွေ၊ ဗီဒီယိုတွေကို တခြားစက်တွေကနေ နားထောင်လို့ရအောင် ကြည့်လို့ရအောင် လုပ်နည်း

http://ifile.it/ltf6a4o
http://ifile.it/qz296r4
Network ချိတ်ထားတဲ့ ကွန်ပျူတာတွေမှာ Internet ကို ရှယ်ယာလုပ်သုံးနည်းစာအုပ်ရယ်၊ Networking အကြောင်း Intro ရေးထားတဲ့ စာအုပ်ရယ် ထပ်တင်ပေးလိုက်ပါတယ်။
pw: itmen.myanmarbloggers.org

Network ချိတ်ထားတဲ့ ကွန်ပျူတာတွေမှာ Internet ကို ရှယ်ယာလုပ်သုံးနည်းစာအုပ်ရယ်၊ Networking အကြောင်း Intro ရေးထားတဲ့ စာအုပ်ရယ် ထပ်တင်ပေးလိုက်ပါတယ်။
pw: itmen.myanmarbloggers.org
ဆရာဇော်လင်း၏ Beyond A+ စာအုပ်
Download Link> http://ifile.it/9ctv3nf
Unzip password= www.myanmarfamily.org

ဆရာဇော်လင်း၏ A+
Download Link>http://ifile.it/dfj1n27
Unzip password= www.myanmarfamily.org

ဆရာမျိုးသူရ၏ PC Hardware
Download> http://ifile.it/xcdhu0k
Unzip password= www.myanmarfamily.org

ဆရာဦးအေးကိုကို၏ Teach Yourself the Best Technology and Repairing PCs
Download> http://ifile.it/dip2j6s
password= www.myanmarfamily.org
If u need video files
http://www.myanmarfamily.org/forum/showthread.php?t=4518
ဒီကနေယူလိုက်ပါ :))

ကွန်ပျူတာအကြောင်း မြန်မာလိုE-Book စာအုပ်ကောင်းလေးတွေ စုဆောင်းပြီးတင်ပေးလိုက်ပါတယ်





http://www.ziddu.com/download/11829025/windowinstallandutilities.rar.html





http://uploading.com/files/1f76b61d/windows_installation.pdf/

အခြေခံမှသည်အဆင့်မြင့်သောပညာရပ်များကိုဆက်လက်လေ့လာဆည်းပူးနိုင်ကြပါစေ။

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ..

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။

ကွန်ပျူတာနဲ့ပတ်သက်ပြီးလေ့လာမယ်ဆိုရင်

http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်
http:// http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
http://www.alpha.com.mm/alphaprice/alphaprice.php ကွန်ပျူတာ ဈေးနှုန်းတွက်ချင်ရင်…
http:// http:// www.mcpa.org.mm/ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်…
www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်) . www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်)
. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်
(သူငယ်ချင်းများကောင်းမွန်စွာလေ့လာနိုင်ပါစေ..........)

ကိုယ့်ရဲ့ အင်္ဂလိပ်စာအသံထွက်မှန်မမှန်သိရအောင် စစ်ကြည့်မယ်

http://imtranslatorpro.ourtoolbar.com/ ဒေါင်းလွတ် ကိုယ့်ရဲ့ အင်္ဂလိပ်စာအသံထွက်မှန်မမှန်သိရအောင် စစ်ကြည့်မယ်
www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)

မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။

http://kyawnux.blogspot.com
ttp://linsanle.blogspot.com
http://azure-phoeniz.blogspot.com
http://tahkharka.blogspot.com
http://platonicloveaugust4.blogspot.com
http://soehtet.blogspot.com
http://khaingzaw.blogspot.com ကွန်ပြူတာ ဒိုင်ယာရီ
http://natshinnaung.blogspot.com
http://www.rhythmless.isgreat.org
http://www.peacefulforever.co.cc
http://nyameeeain.blogspot.com ညမီးအိမ်
http://kyawthetlatt.blogspot.com
http://shwepyithu.blogspot.com ရွှေပြည်သူ
http://www.winzaw-mdy.blogspot.com ၀င်းဇော် စာဖတ်ရန်
http://phoelapyae.isgreat.org
http://www.mgtaryar.iblogger.org
http://www.koyinnyein.blogspot.com
http://aungmyohan.myanmarbloggers.org
http://thuratun.22web.net
http://noway.mmeyes.net
http://zawlay.mmeyes.net
http://kokyawmyintoo.blogspot.com/ ၀င်းဒိုးစ် တင်နည်းတွေလေ့လာလို့ရပါတယ် နည်းပညာလေ့လာရန်…….
http://zawthureintun.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
အိုင်တ်ီမန်းကိုတည်ထောင်သူလေ။