Sunday, May 27, 2012

Google ရဲ့ search box function အသစ်

Google ရဲ့ drag image search ကို ဘယ်နေ့က အသစ်ထုတ်လိုက်လဲတော့ မကြားလိုက်မိဘူး ဒီနေ့ image
ကို ရှာဖို့ သွားတော့မှ တွေ့လိုက်ရတယ် New လို့တော့ ပြောထားပါတယ်။ ဒီနေ့မှ ထွတ်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီမှာက အရင်ကနဲ့ ဘာထူးခြားသွားလဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့လို မြန်မာလို ကိုယ်လိုချင်တဲ့ ပုံကို အင်္ဂလိပ်လို ပြန်ပြီး စာနဲ့ရေးရှာရတဲ့ အခါမှာ ကိုယ်လိုချင်တာနဲ့ ထွတ်လာတဲ့ Result နဲ့ က တခါတလေမှာ တခြားစီဖြစ်တက်ပါတယ် ဒီလိုအခါမျိုးကျရင် ကိုယ့်မှာ ရှိပြီးသား မူရင်းကို ဆွဲပြီးတော့ google image search box ထဲကိုထည့်လိုက်တာနဲ့ ဒီပုံနဲ့ ထပ်ထူတဲ့ ပုံတွေ ပိုမိုကောင်းမွန်တဲ့ ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
အောက်မှာ တွေ့တဲ့အတိုင်း google image ကိုသွားပါပြီးနောက်
ကိုယ့်ရဲ့ ဓာတ်ပုံရှိတဲ့ computer ထဲက folder ထဲကိုသွားပြီးတော့
ကိုယ် ရှာချင်တဲ့ ပုံကို ဆွဲပြီးတော့ Google image search box ထဲကိုထည့်ပါ
သူအလိုလျှောက် upload လုပ်ပြီး ရှာပေးပါလိမ့်မယ်။

Note: အကယ်၍ ကိုယ်ပုံကိုရှာလို့ မတွေ့ခဲ့သော် စိတ်မပျက်ပါနဲ့ 
တဖက်ပြောရင် သင့်ရဲ့ ဓာတ်ပုံတွေဟာ လုံခြုံမှုရှိပြီး ဘယ်သူကမှ ရှာလို့ရမှာ မဟုတ်ပါဘူး


အကယ်၍ သင့်ရဲ့ ဓာတ်ပုံကိုရှာတွေ့ခဲ့သော် သင့်ဟာ နာမည်ကြီးသော သူတစ်ယောက်၊ အင်တာနက်မှာ တော်တော် ပြန့်နံတဲ့လူတစ်ယောက်ဖြစ်သလို သင့်ရဲ့ ပုံဟာ အမျိုးမျိုး Photoshop နဲ့ ပြုပြင်ထားခြင်းတွေ၊မဟုတ်တာတွေ လုပ်ထားခြင်းတွေ့ပါက  သူနေနဲ့ ရှိပြီးသား ပုံတွေကို ဖျောက်ဖျတ် ဖို့ ကြိုးစားရပါလိမ့်မယ် ပြီးနောက် သင့်အတွက်လဲ အန္တရာယ် ရှိနေပါပြီး ဆိုတာကိုလဲ သတိထားရပါမယ်။
sbsangpi(စံပီး)
Posted by

No comments:

Post a Comment