သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ။ပျင်းနေရင်ဖြစ်ဖြစ် ရင်ထဲမှာ
ပေါက်ကွဲချင်နေတာတွေဖြစ်ဖြစ်
ထွက်ပေါက်တစ်ခုအနေနဲ့  desktop ပေါ်က icon လေးတွေကို လက်နက်မျိုးစုံဖြင့်
ပစ်ခတ်ပြီး ဖျတ်စီးကြရအောင်...တစ်စစီဖြစ်အောင် ဖျတ်စီးပစ်လို့ ရပါတယ်။
လိုချင်တယ်ဆိုရင်တော့...
ဒီနေရာကိုနှိပ်ပြီး ယူလိုက်ပါ။
ပြီးရင် ရလာတဲ့ icon လေးကို double click လိုက်ပါ။ ဒါဆိုရင်
လက်နက်စာရင်းကျလာပါလိမ့်မယ်လက်နက်တွေကတော့
hammer,chain-saw,machine gun, flame-thrower , colour-thrower phaser
stame , termites , washing
ဆိုတဲ့ လက်နက်ကိုးမျိုးပါ။ washing ကတော့ ပစ်ခတ်လိုက်လို့ 
ပျက်စီးသွားတာတွေကို ပြန်ပြီး ပြင်ပေးတဲ့လက်နက်ပါ။
လက်နက်တစ်ခုသုံးနေရင်းကနေ နောက်တစ်ခု
ပြောင်းသုံးချင်တယ်ဆိုရင် Esc လေးနှိပ်လိုက်ပါ။ အပြီးထွက်ချင်တယ်ဆိုရင် Esc
ကို ၂ချက်နှိပ်ပါ။
ဖျတ်စီးထားတာတွေအားလုံး ပင်ကိုအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
မွန်းကြပ်မှုတွေကိုလက်နက်မျိုးစုံဖြင့်ပစ်ခတ်ပေါက်ကွဲပြီး
ပျော်ရွှင်ကြပါစေဗျာ။
အဟောင်းလေးတခုပါ
ကြာပီဆိုတော့မူရင်းကိုတောင်မေ့နေပါပြီ။
ပျော်ရွှင်ကြမ၇်လို့ထင်ပါတရ်
လေးစားလျှက်
No comments:
Post a Comment