Thursday, November 15, 2012

NET WORK စာအုပ် (မြန်မာလို)







တောင်းဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်။အရင်လင့်ခ်ကပျက်သွားလို့ ပါ။

ကျွှန်တော့်ဘ၀မှာ NET WORKING ပိုင်းကိုစတင်လေ့လာတုန်းကအNET WORK ပိုင်းဆိုင်ရာ
ဗဟုသုတတွေကော။အတတ်ပညာတွေပါရရှိစေခဲ့တဲ့။သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
ဆိုတဲ့မြန်မာလိုရေးသားထားတဲ့။ NET WORK စာအုပ်လေးပါ။
အဆင်ပြေကြပါစေဗျာ။


Size.... 550Kb

Networking စာအုပ်

ကျွှန်တော့်ကိုမိတ်ဆွေတစ်ဦးလာပူဇာနေလို့ ရှိတဲ့ဟာလေးတင်ပေးလိုက်ပါတယ်Networking
စာအုပ်လေးပါဖတ်ပြီးအဆင်ပြေကြပါစေနောက်လည်းရှိတာတင်ပေးပါ့မယ်






Basic HTML မြန်မာလိုစာအုပ်

Basic HTML မြန်မာလိုစာအုပ်


Basic HTML မြန်မာလိုစာအုပ် 1.06 MB










SATURNGOG ရေးသားထားတဲ့ HTML အကြောင်းမြန်မာလိုစာအုပ်ပါ။
စီဘောက်မှာလာအော်နေလို့ ရှာပြီးတင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ။




autocad 2005 မြန်မာလိုစာအုပ်



24.23 MB
ဆရာဦးအောင်မြင့်ရေးသားထားတဲ့ autocad 2005 အသုံးပြုနည်းမြန်မာလို
ဘာသာပြန်စာအုပ်ပါ။

Tuesday, November 13, 2012

Labels Addons (4) Analytics (1) Browser (9) Chrome (4) Cool website (13) firefox (8) Free key (6) Gmail (6) Gmail lite (1) Google (12) Gtalk (5) Hack (3) Iphone (4) kaspersky (3) myanmar (1) odds and ends (17) Proxy (6) Rapidshare (2) Recovery (1) software (14) speed up (6) Virus (3) Zawgyi-One (5) Can You Run It?

ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။

Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...

Labels Addons (4) Analytics (1) Browser (9) Chrome (4) Cool website (13) firefox (8) Free key (6) Gmail (6) Gmail lite (1) Google (12) Gtalk (5) Hack (3) Iphone (4) kaspersky (3) myanmar (1) odds and ends (17) Proxy (6) Rapidshare (2) Recovery (1) software (14) speed up (6) Virus (3) Zawgyi-One (5) FREE 1 Year iolo Search and Recover 5 License

မကြာခဏ ကြားတတ်တဲ့ မှားဖျက်ခြင်း ကိစ္စ အတွက် search & recover 5 သုံးပြီး ပြန်ဖေါ်နိုင်ဖို့ပါ။ နာမည်ကြီး system mechanic က ထုတ်ကုန်တစ်ခုပါ။ ပေးနေတာတော့ ကြာပါပြီ။ ချက်ချင်းမတင်ပေးနိုင်လိုက်ဘူး။ ခု စမ်းကြည့်တော့ အသက်ရှိနေသေးလို့ ရှယ်လိုက်တာပါ။

ဒီလင့်ကနေ ရယူရပါမယ်။ Continue /secure checkout အဆင့်များ ဖြတ်သန်းပြီး register page ဆီ အရောက်သွားပါမယ်။ Prize $0.00 ဖြစ်နေစဉ်ကာလဟာ ဖရီး ကာလပေါ့;)

Register page မှာ ပြည့်စုံအောင်ဖြည့်ပြီးရင် continue နဲ့ Thank You! Your Order #21010000000 is complete ရောက်သွားအောင် နှိပ်သွားလိုက်ပါ။ မိမိ မေးလ်မှာ ကီး ရောက်လာပါမယ်။

ဆော့ဖ်ဝဲလ် ရယူလိုရင် အောက်ကလင့်တွေက ရယူနိုင်ပါတယ်။

http://www.vnunet.com/vnunet/downloads/2225774/iolo-search-recover

http://download.iolo.net/sr/5/trial/SearchAndRecover.exe

ဒီဆော့ဖ်ဝဲလ်ဟာ ပုံ မေးလ် ဗီဒီယို အမ်ပီ3 တွေအပြင် ဖိုင်တော်တော်များများ ပြန်ပြီး recovery လုပ်ပေးပါတယ်။ Overwrite မလုပ်ရသေးရင် ဖျက်ထားတာ မကြာသေးရင်ပေါ့းP

license key activate လုပ်ပုံတော့ ချန်ခဲ့ လိုက်ပြီ။

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ အဓိက ထိခိုက်စေတာက ဦးနှောက်ြ…

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash4/387647_361037063987928_853033758_n.jpg
ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင့် ဖြစ်ပါတယ်။
ယင်း radiation ကြောင့်ပဲ ဖုန်းကို သတိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း
ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။
၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။
အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။
တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။
ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။
လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။
Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။
သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။
၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost
Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။
ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။
လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။
၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။
Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။
GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။Droid 2 လို့လည်း လူသိများပါတယ်။
user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။
Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့
ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။
အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။