Friday, June 1, 2012

ဗမာ့ကြယ် ကွန်ယက်စာအုပ်စင်

ဗမာ့ကြယ် ပရိသတ်များ မင်္ဂလာပါ

November 25, 2009
“အလိမ္မာ စာမှာရှိ” ဆိုသမို့ အကြိမ်ြကိမ်အခါခါ လာကာကြည့်ဖို့ စိတ်ချမ်းသာရုပ်ရွှင်သမှု စာအုပ်စင်တခု ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
အလည်အပတ်ရောက်ခဲ့တဲ့ မြန်မာ့အီးစာကြည့်တိုက်၊ ချယ်ရီသစ္စာ၊ မြန်မာပြည်သား၊ မြန်မာအီးဘွခ်စ်၊ မြန်မာ့သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့၊ မိုးမခမီဒီယာ၊ မြန်မာကျူးပစ်ဖိုရမ်၊ ရွှေစကား၊ burmeseclassic.com, saffron people’s movement  စတဲ့ ကွန်ယက်များနှင့် အီးမေးလ်တို့မှ မျှဝေထားတဲ့ အီးဘွခ်များကို စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။
ပညာပန်းတွေဝေလို့ အနွမ်းတွေပြေဖို့ ‘ ဗမာ့ကြယ် ကွန်ယက်စာအုပ်စင်’ကို အလည်အပတ်လာရောက်တာကို ၀မ်းမြောက်စွာ ကြိုဆိုပါတယ်။
စာဖတ်သူများ စိတ်အာဟာရဖြစ်စေမဲ့ စာအုပ်စာတမ်းများကို “ဗမာ့ကြယ် ကွန်ယက်စာအုပ်စင်”မှာ စုစည်းတင်ဆက်ပေးထားပါတယ်။
အားလုံးရဲ့မိတ်ဆွေဖြစ်တဲ့ စာအုပ်စာပေများကို ကဏ္ဍစုံတင်ဆက်နိုင်ရန် အစဉ်ကြိုးပမ်းသွားပါ့မယ်။
ပင်ပန်းသမျှ ရွှင်လန်းကြပါစေ။
အကောင်းဆုံးများအတွက်
ဗမာ့ကြယ် အုပ်စု

ရင့်ကျက်သော စိတ်နှင့် လူ့သဘာဝ


ကိုယ့်ကိုကိုယ် ရင့်ကျက်တဲ့ စိတ်ဓာတ်ရှိသူ ဟုတ်မဟုတ် သိဖို့အတွက် ..  

၁။  ရုတ်တရက် မထင်မှတ်ဘဲ ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေကိုသင် ရင်ဆိုင်ဖြေရှင်းခဲ့ ပါသလား။ 

၂။ ကိုယ့်ပတ်ဝန်းကျင်က တခြားသူတွေရဲ့ စိတ်ကူးတွေ ၊ အကြံဥာဏ်တွေကို လေးလေးစားစား သဘောထားတတ်ပါသလား။  

၃။ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်စတဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျှောညီထွေ ဖြစ်အောင် နေတတ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်ပါသလား။   

၎။ စိတ်ဖိစီးမှုတွေကြားမှာ စိတ်လိုက်မာန်ပါ မဖြစ်ဘဲ ကောင်းကောင်း ကိုယ့်စိတ်ကို ထိန်းပြီး အောင်မြင်တဲ့ အထိ စွမ်းဆောင်နိုင်ပါသလား။  

၅။ ကိုယ့်စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆို နိုင်တဲ့ သူတွေ ကိုယ့်ဆီမှာ ဘယ်လောက်ရှိသလဲ။   

၆။   ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆို မှန်သမျှကို တာဝန်ခံရဲတဲ့ စိတ်ရှိပါသလား။  

၇။ ပြင်းထန်တဲ့ ခံစားချက်၊ ကြီးမားတဲ့ စိတ်ထိခိုက်မှု ၊ ဖြစ်ပေါ်လာတတ်တဲ့ မလိုမုန်းထားစိတ် စတဲ့ မကောင်းတဲ့ စိတ်နဲ့ အပြုအမူတွေ ပေါ်လာတတ်တဲ့အခါ၊ကြုံတွေတဲ့အခါ စိတ်လိုက် မာန်ပါမဖြစ်အောင် ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်နိုင်ပါသလား... ဆိုတာတွေကို သေချာပြန်လည် ဆန်းစစ်ကြည့်ပါ။  







ရင့်ကျက်တဲ့စိတ်ရှိသူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေက ..  

၁။  ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကို သိပြီး ဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိရှိနားလည်တယ်။  

၂။ အပြုအမူတစ်ခုကို မလုပ်ခင်မှာ အရင် တွေးလေ့ရှိပြီး လုပ်ဆောင်ရာမှာလည်း ကောင်းမွန်စွာ ကိုင်တွယ် ထိန်းသိမ်းနိုင်တယ်။ ဝေဖန်မှု၊ မတူညီတဲ့ အကြံဥာဏ်တွေကိုလည်း လက်ခံနိုင်တယ်။ 

၃။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး  ကိုယ့်ဘဝကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်တယ်။ ကိုယ့်ရဲ့ အပြုအမူတွေ မှန်သမျှကိုလည်း တာဝန်ခံ၊ တာဝန်ယူ နိုင်စွမ်းရှိတယ်။  

၎။  စိတ်ရှည်တယ်။

၅။ အများနဲ့ ပေါင်းသင်းဆက်ဆံရာမှလည်း ကူညီဖေးမတတ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှု တွေကို လုပ်ဆောင်လေ့ရှိတယ်။   

၆။ အခြားသူများရဲ့ စိတ်ခံစားမှုနဲ့ အခြေအနေအရပ်ရပ်တို့ကို ဂရုစိုက်တတ်တယ်။ လူတွေကို လေးစားချစ်ခင်တတ်တယ်။ နားထောင်တတ်ရပါမယ်။  

၇။ ရိုးသားစွာ ပြုမူနေထိုင်တတ်ပြီး ကိုယ့်ပိုင် ယုံကြည်ချက် ရှိသူဖြစ်တယ်။   

၈။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ပြီး မျှတစွာလုပ်ဆောင်နေထိုင် တတ်သူဖြစ်တယ်။   

၉။ ခက်ခဲတဲ့ အခြေအနေမျိုးတွေကိုလည်း စိတ်ရှည်စွာ အောင်မြင်တဲ့အတိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိသူ ဖြစ်ပါတယ် .. လို့ ဆိုပါတယ်။ 


လူတွေဟာ သူတို့ ဖြတ်သန်းလာရတဲ့ ဘဝတစ်ယောက် ကြုံတွေခဲ့ရတဲ့ အကြောင်းအရာတွေ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာတွေ အနည်းနဲ့ အများ ပါလာတတ်တာကြောင့်  ရာနှုန်းပြည့် ရင့်ကျက်သူဆိုတာ မရှိနိုင်ပါဘူး ။ ဒါပေမယ့် ကိုယ့်လက်ရှိ အခြေအနေကို အမှန်အတိုင်း လက်ခံပြီး ရင့်ကျက်မှုသူ ဖြစ်အောင်တော့ ကြိုးစားပြုပြင်လို့ ရပါတယ်။







ဘယ်လို လေ့ကျင့် ပြုပြင်ယူရမလဲ ဆိုရင်..  

၁။ ဘဝဆိုတာ နတ်သမီး ပုံပြင်မဟုတ်သလို၊ ဆေးတောင်ဝှေးနဲ့ ထိလိုက်ရင် လိုတာ ဖြစ်တတ်တာမျိုးလည်း မရှိဘူးဆိုတာကို သဘောပေါက်ပြီး ဘယ်အရာမှ ကြိုးစား အားထုတ်မှု မရှိဘဲ ဖြစ်မလာဘူး ဆိုတာကို နားလည် သဘောပေါက်ပြီး ကိုယ့် ရည်မှန်းချက်ကို ရောက်အောင် မဆုတ်မနစ် ကြိုးစားပါ။

၂။  ကိုယ့်ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေ ပူပင်စရာတွေကို လက်ခံလိုက်ပါ။ ရှောင်လွှဲဖို့ ကြိုးစားရင် ဒါဟာ ခဏတာအတွက်ပဲ လွတ်မြောက်နိုင်မယ်ဆိုတာကို သိပြီး ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ကြိုးစားပါ။   

၃။ ကိုယ့်ရဲ့ မကောင်းတဲ့ အပြုအမူ၊ စိတ်ဓာတ်တွေကို နားလည်ဖော်ထုတ်နိုင်အောင် ကြိုးစားပါ။ သိအောင်လုပ်ပါ။ဒါမှ ကိုယ့်ကိုကိုယ် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် နောင်တစ်ချိန်မှ ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့တဲ့ အခြေအနေမျိုးကို ရောက်ရပါလိမ့်မယ်။ 

၎။ လောကကြီးက ပေးတဲ့ နာကျင်မှုတွေ၊ မသေချာမှုတွေ အကြောင်းကို လက်ခံထားလိုက်ပါ။ ဒါမှ မထင်မှတ်တာတွေ ကြုံလာရရင် ကြံ့ကြံ့ခံနိုင်မှာပါ။  

၅။ ကိုယ့်အပြုအမူတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို တာဝန်ယူရင်ဆိုင်လိုက်ပါ။ အမှားထဲက သင်ခန်းစာယူတတ်ပြီး တာဝန်ယူတတ်တဲ့ အလေ့အထကို လည်း ကျင့်ယူပါ။ 

၆။ ရှုံးနိမ့်မှုတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားပါ။ အောင်မြင်မှု ပြန်ယူနိုင်ဖို့လည်း ကြိုးစားပါ။ အောင်မြင်မှုကို ရယူဖို့ ကောင်းတဲ့ နည်းလမ်းနဲ့ ကြိုးစားတတ်ဖို့နဲ့ အများကိုလည်း အောင်မြင်အောင် ကူညီနိုင်တဲ့သူ ဖြစ်ပါစေ။  

၇။ ကိုယ်ပိုင်ယုံကြည်ချက်တော့ ရှိပါစေ ဒါပေမယ့် ကြီးမားလှတဲ့ လောကမှာ အသိုင်းအဝန်းမရှိဘဲ နေထိုင်လို့ အဆင်မပြေနိုင်ဘူးဆိုတာကို နားလည် သဘောပေါက်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် နေတတ်အောင် ကြိုစားပါ.. လို့ဆိုထားပါတယ်။
 ရင့်ကျက်တဲ့စိတ်ကို လေ့ကျင့်မွေးမြူဖို့ ဆိုရင် အပိုင်း နှစ်ပိုင်းရှိတာကို တွေ့နိုင်ပါတယ်။ တစ်ပိုင်းက မိမိကိုယ်ပိုင် စိတ်ကို ပြုပြင်ဖို့ ဖြစ်ပြီး နောက်တစ်ပိုင်းက လူမှုဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားရမယ့် အပိုင်း ဖြစ်ပါတယ်။







ကိုယ့်စိတ်ကို ကိုယ်သိဖို့ လေ့ကျင့်ရမယ့် အပိုင်းမှာ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ အသိ နဲ့ သတိ တရား လက်ကိုင်ထားရမယ်ဆိုတာ ရင့်ကျက်တဲ့သူ ဖြစ်ဖို့ မိန့်ကြားခဲ့တာပဲလို့ ထင်မိပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း ဒါမှမဟုတ် စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းများကို လေ့ကျင့်ပေးရင် ရနိုင်ပါတယ်။






ကျန်တဲ့ နောက်တစ်ပိုင်းဖြစ်တဲ့ လူမှုဆက်ဆံရေးဆိုတဲ့ အပိုင်းပါ။


လူအသိုင်းအဝန်းမှာ အတူအကွနေ ထိုင်မှု တို့၊  ပေါင်းသင်းဆက်ဆံရေးတို့က အနုပညာဆန်ပါတယ်။ လူ့အတ္တတွေကို ညှိယူကြရတာလောက် သိမ်မွေ့တဲ့အရာ ရှိမယ်မထင်ဘူး။


နားလည်မှုဆိုတာ အဓိက သော့ချက်ပါပဲ။ အပြန်အလှန် နားလည်မှု နဲ့ မျှတနဲ့ ဆက်ဆံရေး ဖြစ်အောင် ထိန်းညှိရတာ သိပ်ကိုနူးညံ့ပြီး အရေးကြီးတဲ့ ပညာမို့ အနုပညာဖန်တီးမှု တစ်ခုလို့တောင် တင်စားချင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတို့၊ အတူတကွ နေထိုင်ဖို့တို့ဆိုရင် တစ်ယောက် သဘောထားကို တစ်ယောက်မြင်တတ်ရပါမယ်။ နားလည်ပေးနိုင်မှုနဲ့အတူ ယုံကြည်မှုကိုပါတည်ဆောက် ရပါ့လိမ့်မယ်။ မျှတတဲ့ ဆက်ဆံရေးဖြစ်ဖို့လည်း လိုပါမယ်။  တစ်ဘက်သက်ကြီးနိမ့်နေ မြင့်နေရင် ရေရှည်မှာ ဘယ်လိုမှ ရေရှည်ဆက်ဆံရေးမှာ အဆင်ပြေနိုင်မယ် မထင်ပါဘူး။ ကိုယ့်သူငယ်ချင်းမိတ်ဆွေ ၊ ကိုယ်နဲ့ အတူရှိနေသူရဲ့ စိတ်အခြေအနေကို သိတတ်၊ ဖတ်တတ်မှ  အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်လို အပြုအမူမျိုးက သူတို့ကို အနှောက်အယှက်ဖြစ်စေတယ်။ စိတ်ထိခိုက်စေတယ် ဆိုတာမျိုးကိုလည်း သိတတ်နားလည်ထားရပါမယ်။


နောက်ပြီး အလိုက်သင့် နေထိုင်တတ်ဖို့ ကလည်း လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဘက်က လိုက်ရောသင့်တာ လိုက်ရော တင်းသင့်တာတင်း လုပ်တတ်ဖို့ လိုပါလိမ့်မယ်။ တစ်ဘက်သက်မဆန်တဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးတတ်ဖို့ လိုပါလိမ့်မယ်။ တစ်ဦးကို တစ်ဦး လေးစားမှုလည်း ရှိဖို့လိုပါလိမ့်မယ်
နောက်တစ်ချက်က ကိုယ်ချင်းစာတတ်ဖို့ လိုပါလိမ့်မယ်။ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ အတွေးမျိုးကို တွေးတတ်ဖို့ လိုပါလိမ့်မယ်။ သူ့တစ်ပါးရဲ ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့သူဖြစ်ရင် သူတစ်ပါးကိုလည်း စိတ်ပျော်ရွှင်စေ သလို ကိုယ်တိုင်လည်း စိတ်ချမ်းသာစေတာမို့ အကောင်းမြင်ပြီး ချစ်တတ်မျက်စိနဲ့ ကြည့်တတ်တဲ့သူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုခိုင်စေမယ်လို့ ထင်တယ်။
ဟန်ဆောင် ဆက်ဆံရေးမျိုးကို ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်ခါ ကိုယ်မကြိုက်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေ စိတ်ချမ်းသာဖို့ စိတ်ပါလက်ပါ အလိုက်သိ အလိုက်သင့်နေတတ်ရင် ရေရှည်ဆက်ဆံရေး အတွက် ကောင်းတယ်လို့ ထင်တာပါ။ ကိုယ့်မိသားစု၊ အိမ်သူအိမ်သားတွေနဲ့ ဆိုရင်လည်း အဲဒါကလည်း မိသားစုသာယာဖို့ အရေးအကြီးဆုံး ထည့်စဉ်းစား ရမယ့် အချက်လို့ ထင်တယ်လေ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြည့်မယ်ဆိုရင် ထင်ရှားသူတွေ၊ ခေါင်းဆောင်ပိုင်းတွေ၊ အနုပညာရှင်တွေ စတဲ့ public icon ဖြစ်နေတဲ့ သူတွေကို ကြည့်ရင် ပိုသိသာထင်ရှားပါတယ်။ လူတော်တော်များများက ပုံမှန်အချိန်မှာ သူတို့ရဲ့  အလှအပ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ တန်ခိုးအာဏာတွေနဲ့ မသိသာပါပေမယ့် ပုံမှန်မဟုတ်တဲ့ အကျပ်အတည်း၊ အခက်အခဲနဲ့ ကြုံတဲ့ အခါပဲဖြစ်ဖြစ် ယှဉ်ပြိုင်မှုစတဲ့အရာတွေနဲ့ပဲ ကြုံရတာပဲဖြစ်ဖြစ်၊ မထင်မှတ်တဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ယှဉ်ပြိုင်ခံရမှု စတဲ့ ပြောင်းလဲမှု တစ်ခုခု အဖြစ်အပျက် အတွေ့အကြုံတစ်ခုခု ကြုံလာတဲ့အခါ တုန့်ပြန်တဲ့ သူရဲ့ အပြုအမူ ၊ အမူအကျင့် တစ်ခုခုက သူ့ရဲ့ မရင့်ကျက်မှုကို လှစ်ဟ ပြလိုက်တာမျိုးကို တွေ့နိုင်ပါတယ်။


လူပြောများတဲ့ ကိစ္စတွေကို အစဖော်တာမျိုးမဟုတ်ပေမယ့် ဥပမာပြစရာအတွက် နည်းနည်း ထည့်ပြောရရင် ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်လိုက်တဲ့ ကိစ္စမျိုးတွေ၊ မော်ဒယ်မလေး တစ်ယောက်ရဲ့ ဒေါ်လာသောင်းချီဈေးဝယ်ထွက်နိုင်ကြောင်း၊ ရှူတင်သွားရင် ကားနှစ်စီးနဲ့ သွားကြောင်း စတဲ့ အင်တာဗျူးမှာ ကြွားဝါလိုက်တဲ့ကိစ္စမျိုး၊ နောက် နိုင်ငံရေးဆွေးနွေးကြတဲ့ ဖေ့ဘွတ်ပေါ်က စကားဝိုင်းတွေကို ပဲ ကြည့်မလား တစ်ယောက်အယူအဆကို တစ်ယောက် လေးစားစွာ ဆွေးနွေးဖို့ထက် ငါ့စကား နွားရ ငြင်းခုန်ရင် ဆဲဆိုတာတွေတောင် ပါလာကြတာ မျိုးတွေပေါ့။ မတူညီတဲ့ အယူအဆနဲ့ ဝေဖန်မှုကို မခံနိုင်တဲ့ မရင့်ကျက်တဲ့ စိတ်နဲ့ တုန့်ပြန်မှုတွေပါပဲ။   မြန်မာပြည်တွင်းအစ နိုင်ငံတကာ ကမ္ဘာအနှံ့ ကြည့်လိုက်ရင်  လူတစ်ဦးတစ်ယောက်ကအစ အဖွဲ့အစည်းအလိုက် အသိုင်းအဝိုင်းအလိုက် မရင့်ကျက်မှုတွေနဲ့ ရင်ကျက်မှုတွေကို တွဲပြီး လူတိုင်းဆီမှာ၊ နေရာတိုင်းဆီမှာ တွေ့နေကြရတာပဲ အမြဲရင့်ကျက်နေတဲ့ သူဆိုတာ မရှိပါဘူး။ ပိုတာနဲ့ လျှော့တာပဲ ရှိမယ်ထင်ပါရဲ့။


ပြည့်စုံတဲ့ ရင့်ကျက်မှု ဆိုတာ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့်  လူတစ်ယောက်ဟာ အသက်ရွယ်ကြီးလာတာနဲ့အမျှ သူ့ရဲ့ ဥာဏ်ပညာပါ တိုးတက်လာကြောင်း သက်သေဖြစ်တဲ့ ရင့်ကျက်မှု တစ်စုံတစ်ရာကတော့ အမှန်တကယ်လိုအပ်ပါတယ်။ သူရဲ့ ရင့်ကျက်မှု အဆင့်က သူ့ဘဝ အဆင့်အတန်းကို ပုံဖော်သွားမှာပဲ ဖြစ်ပါတယ်။  ဒီစာကို ရေးနေတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ ဖေ့ဘွတ်မှာ မနိုင်းနိုင်းစနေရဲ့ note ကို share ထားတာ တွေ့တော့ ဒီစာနဲ့အတူ တွဲဖတ်စေချင်တဲ့ စိတ်ဖြစ်မိလို့ မနိုင်းနိုင်းရဲ့ ရင့်ကျက်တယ်ဆိုတာ ဆိုတဲ့ Note လေးကို ပါ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ 

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။


ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့ အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊ လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။


ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။


ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။


ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။


ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။


ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။ လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။


ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။


ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊ မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။


ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။ အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။


ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။ အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။


ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။


မှတ်ချက်။     ။အင်တာနက်တွင် ရှာဖွေ ဖတ်ရှုထားချက်များကိုပြန်လည်ဖော်ပြပေးချင်းဖြစ်ကြောင်း...........။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/20080222/2860.html

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ။
၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။
၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာ အားရ အောင်ပွဲခံနိုင်သူ ။
၎ ။ ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အ တွက်သာကြည့်တတ်သူ ။
၅ ။ နေရာတကာလူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ ။
၆ ။ မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။
၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ။
၈ ။ မြေနိမ့်ရာ လှံစိုက် - ရေနစ်ရာ ၀ါးကူထိုး အမြဲလုပ်တတ်သူ ။
၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)
၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ။
ကိုသက်တန့်ချိုဆိုဒ်မှ ထပ်ဆင့်ကူးယူပါသည်။               

ရည်းစားရှိသူတွေ မရှိသူတွေရဲ့ အားသာချက်တွေ

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်
  (၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း
  (၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း
  (၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း
  (၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း
  (၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း
  (၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း
  (၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း
  (၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
  အချိန်မရွေး စားသုံးလို့ရခြင်း
  (၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
  နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း
  (၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
  (ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)
  (၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။
  လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
  (၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း
  (၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း
  (၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း
  (၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း
  (၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
  စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း
  (၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း
  (၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
  သန့်ရှင်းမှု ရှိခြင်း
  (၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
့ မေးလို့ရခြင်း
  (၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း
  (၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
  (၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

မိမိပုံကို ထိလိုက်တာနဲ့ ရေလှိုင်းလေးဖြစ်အောင်လုပ်နည်း

open ဆိုတာကိုနှိပ်လိုက်ပါ။  မိမိကြိုက်တဲ့ ပုံကိုယူလို့ရပါတယ်။ကြိုက်တယ်ဆိုရင်ထည့်လိုက်ပါ။ ခဏလေးတော့ စောင့်လိုက်ပါ။မိမိပုံပေါ်လာပြီဆိုရင်Get code ကိုနှိပ်လိုက်ပါ။ကော်ပီယူပြီးမိမိအိမ်မှာထည့်လို့ရပြီ။ သူငယ်ချင်းတွေကိုလည်း
လက်ဆောင်ပေးလို့ရတယ်နော်။ HTML ကိုနှိပ်ပြီးထည့်နော်။
Water Effect by Crazyprofile.com

G talk မှာလူစုပြီးချက်ကြရအောင်service@gtalk2voip.comကိုအပ်ထားလိုက်ပါ

လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး


ပြီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် …
Answer လိုက်ပါ … ။
ပြီးရင်. ..Service ကနေ cookies code ပေးလာလိမ့်မယ် …..
အဲဒီ Code ကို ကိုယ်နဲ့ တူတူပြောချင်တဲ့ သူတွေကို ပေးရလိမ့်မယ် …..
ပေးတဲ့ နေရာမှာ ထပ်ဖြည့်ပေးစရာရှိတယ် ..ဘာလဲဆိုတော့ … code ရဲ့
ရှေ့မှာ …. join/ ဆိုတာလေး ထည့်ပေးရမယ် …. ။ အပေါ်က ပုံထဲက code ကို
ဥပမာပြမယ် …ဒီလိုလေး … join/ FPDMJCD0IC19YAD2 အထူးသတိပြုရမှာက join/
ပြီးရင် Spacebar တစ်ချက်ကို ခြားပေးရမယ် … မခြားလို့ မရဘူးနော် ….
ခြားပြီးမှာ code ကို ဆက်ရေး ….. အဲဒါကို တစ်ဖက် ကိုယ်နဲ့
ပြောမည့်သူကိုပေးလိုက် …. တစ်ဖက်လူက ဘာလုပ်ရမလဲဆို ….(
အရမ်းပင်ပန်းတယ် … လျှာထုတ်ပြလိုက်မယ် လျှာထုတ်ပြလိုက်မယ်
လျှာထုတ်ပြလိုက်မယ်) Master လုပ်တဲ့ သူက ပေးတဲ့ code လေးကို
service@gtalk2voip.com ချက်ဘောက်မှာ ထည့်ပြီး ( copy , paste )
ပေးပြီး Enter ခေါက်လိုက် ….
အားလုံးအိုကေ သွားပြီ ……ကြိုက်သလောက် လူစုပြီး ပွားလို့ ရသည်…။


www.kokyawkyawcho.blogspot.com ဆိုက်မှ ကူးယူဖော်ပြပါသည်။

** လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး - လူထုစိန်ဝင်း **

လူငယ်တွေ ရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲ ဆိုတဲ့မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့သဘော
ဆောင်တဲ့အတွက် ၀မ်းသာရပါတယ်။




ချီးကျူးရမယ့်စိတ်
တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို "ကက်ကက်လန်" ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ "ပလဲနံပသင့်"တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ
ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက် ဖြစ်တယ်။ သိရင် သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကို ညာပြီး သရေထိုးသွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီး ရင်းရင်းနှီးနှီး
ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင်တွေ့တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့စာတွေထဲက သူတို့မကြိုက်တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့လိုအပ်တာကို ရှင်းပြလိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် "ဗုံနဲ့မြှောက်" နေတာမျိုးတွေ မရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ် ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ် နှစ်မျိုး
အဲဒီလို လူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက် နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ ဒီဘက်မျောလိုက်နဲ့ ဘယ်သောင်ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ်အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ
လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက် သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူးယဉ်တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်
အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ''ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့်...'' ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင် ဖြစ်တယ်။ သွားရင် ရောက်တယ်။ ယူရင် ရတယ်။ မဉ္ဇူသကနတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံမှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ
လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model) ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ကြတယ်။ နောက်ခေတ် လူငယ်တွေကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်း စတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျအတုယူခဲ့ကြတယ်။


ဧ၀ရတ်ကို အောင်နိုင်တဲ့ မျက်မမြင်
ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင်ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သတင်းသမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလို စံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင်ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိနှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက်တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ် တွေ့မြင်ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး
ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး လူသားတွေ ရိုင်းသထက် ရိုင်းလာနေတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလားခင်ဗျာ။

[Weekly ELEVEN News ဂျာနယ်၊ အတွဲ-၆၊ အမှတ်-၂ မှ]